Professional Authors

ကံ့ကော်

နွေဦးဆိုလိုက်ရင်ပဲ

နှလုံးသားကို လာလာတို့ထိတဲ့ အလွမ်းလေး

မင်းလူရဲ့ ကံ့ကော်နီထဲမှာတွေ့ရတယ်

ရန်ကုန်နည်းပညာတက္ကသိုလ်ထဲမှာ တွေ့ရတယ်

မတ်လတော်လှန်ရေးမှာတွေ့ရတယ်

နောက် မေမေ့ရဲ့ ဆံပင်တွေထဲမှာ တွေ့ရတယ်

နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း

နွေဦးဟာ နွေဦးပဲ

နွေဦးရဲ့ ရင်ခွင်ထဲကသူ

ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း

မိန်းကလေးဟာ မိန်းကလေးပဲ

သူမတို့ရဲ့ လက်ထဲက

တယုတယနဲ့သူ

အရပ်တွေ ဘယ်လောက်ပြောင်းပြောင်း

မြန်မာဟာ မြန်မာပဲ

မြန်မာတွေရဲ့ အသွေးအသားထဲကသူ

ညွတ်ပြောင်းရာ တစ်လျှောက်မှာ

ဝတ်မှုံတွေ စွန့်ကြဲရင်း မခို့တရို့

 

In: ကဗျာ Posted By: Date: Mar 1, 2013
Comment #1

phat shu twar par de

commentinfo By: ei lay at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment