Professional Authors

ပျော်ရွင်စရာနေ့များ ၁ (မိုးဝေး)

အသစ်တွေ
ဒဏ်ရာဖလပွနဲ့ အသစ်တွေ
ပိတောက်ပွင့်ချိန် ကွန်ကရစ်လမ်း
မိုးတွေ တအား ရွာတဲ့နေ့များ စိန်ပန်းနီနီ
ရေစပ်စပ် အတွေးစိတ်စိတ် နေကျဲကျဲ
 
ငါဟာ ခေတ်နဲ့ကင်းသွားတဲ့ သူ
ငါဟာ တော်တော် ပျော်တတ်တာပဲ
ပြောင်းဖူးခင်းထဲမှာ ထိုင်နေခဲ့တာ အကြာကြီး
တံတားတစ်စင်းကို ကြိမ်ဖန်များစွာဖြတ်
ငါဟာ နောက်နားမှာ ထိုင်နေမိ
 
သစ်ပင်ပေါ်မှာ
ပင်စည်ကို လက်တစ်ဖက်နဲ့ ဖက်
အကိုင်းတစ်ခုပေါ်မှာ ခြေစုံရပ်
ပုပ္ပားတောင်ကြီးကို ငေးမော
အထပ်လိုက် ပြန့်ကျဲနေတဲ့ နေ့ရက်များပမာပေ
မမောတမ်း ရေတွက်နေမိတယ်
မိုးဝေး
1.8.2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment