Professional Authors

တိတ်တိတ်လေးချစ်တယ်

မင်းကိုတိတ်တိတ်လေးချစ်နေပေမဲ့

မင်းကိုသိစေချင်တယ်

မင်းကိုတွေ့ ရင်မျက်နှာလွှဲနေပေမဲ့ 

မင်းကိုကြည့် နေချင်တယ်

မင်းရဲ့ အရှေ့ ရောက်ရင်နှတ်မဆက်မိပေမဲ့ 

ရင်ထဲမှာတော့အကြိမ်ကြိမ်စကားပြောနေမိတယ်

သူ ကိုဂရုမစိုက်သလိုနေပေမဲ့ 

သူတစ်ခုခုဖြစ်မှာကိုစိုးရိမ်နေတယ်

သူစိမ်းယောကျာ်းလေးနဲ့ စကားပြောရင်

မသိချင်ယောင်ဆောင်နေပေမဲ့ 

သ၀န်တိုမိတယ်

သြော်…

တိတ်တိတ်လေးချစ်ရတာတော်တော်လေးပင်ပန်းပါတယ်ကွာ

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

စိတ်ထဲတကယ်ရှိတာတွေရေးလိုက်တာပါ
ကဗျာမဆန် ကာရံမညီ စာမပီရင်တော့
ပြင်ဖတ်ပေးပါ

commentinfo By: veronnight at Jun 9, 2010
Comment #2

ဟုတ်ပါ သူငယ်ချင်းရယ် ……..

commentinfo By: maythi at Jun 9, 2010
Comment #3

အရမ်းကောင်းပါတယ်။ခံစားချက်ချင်းတိုက်ဆိုင်လို.လေ။ကြိုးစားပါ။

commentinfo By: Tay Zar at Jun 9, 2010
Comment #4

စိတ်ထဲရှိတာ ဆိုပေမဲ့ ဖတ်လို့ ဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ပါ….

commentinfo By: moe ma ma at Jun 9, 2010
Comment #5

အချစ် — တစ်ကိုတစ်ယောက်အပေါာ နားလည်ခွင်.လွတ်ခြင်း ပါ========

commentinfo By: rotchan at Jun 9, 2010
Comment #6

choco ကတော့
သူစိမ်းမိန်းကလေးနဲ့စကားပြောရင်

မသိချင်ယောင်ဆောင်နေပေမဲ့ 

သ၀န်တိုမိတယ်

commentinfo By: chocolate at Jun 28, 2010
Comment #7

ငုဝါလည်း choco နဲ့တူတယ်။
သ၀န်လည်းတိုတယ်။ ငိုလည်းငိုချင်တယ်
ငုဝါတို့မိန်းမသားကသူတို့ကမ်းမှရဲဝံစွာလှမ်းရဲတာပါ။
အခုတော့ခြေကျိုးသူလိုစိတ်ရဲ့အလိုအရသူ့နားကိုမသွားနိုင်ပါဘူးကွာ။

commentinfo By: ငုဝါ at Jul 18, 2010
Comment #8

တိတ်တိတ် လေး ချစ်နေမဲ. အစား ဖွင်.ပြောလိုက်ပါလား ကွာ သူငယ်ချင်း ရာ တိတ်တခိုးချစ်နေမယ်လို. ပြောရတာ လွယ်တယ် အဲ. တိတ်တခိုးချစ်တဲ. လူက ခံစားရမှာဘဲနော်…….

commentinfo By: tunminthant at Aug 3, 2010
Comment #9

အဲ့လိုမျိုးမနေပါနဲ့
တော်တော်ပင်ပန်းပါတရ်
ချစ်ရင်ချစ်တရ်ပြောလိုက်ပါလားနော်

commentinfo By: ayeayethi at Aug 7, 2010
Comment #10

မင်းကိုတိတ်တိတ်လေးချစ်နေပေမဲ့
မင်းကိုသိစေချင်တယ်…………………

မိန်းကလေးတစ်ယောက်အတွက် ခံစားချက်ဆိုတာ သိမ်းထားရမဲ့အရာလို ဖြစ်နေပါပြီ
ဘယ်လိုပုံစံမျိုးနဲ့ ပြောလို့ရနိုင်မှာလဲလေ….

commentinfo By: padauk at Aug 14, 2010
Comment #11

ဖွင့် ပြောလို့ ဖြစ်ဘူးဗျ
တော်ကြာ မျှော်လင့်သလိုဖြစ်မလာရင် ကိုယ်ပဲ ပိုခံစားရမှာ
ကိုယ်က ပိုင်ဆိုင်ချင်တာလား ? ပေးဆပ်ချင်တာလား ? ဆိုတဲ့အပေါ်မှာ မူတည်တယ်

commentinfo By: twanbu at Aug 14, 2010
Comment #12

ဖွင့်မပြောချင်၇င်လဲ ဒီအတိုင်းပဲနေပါ…အချစ်ဆိုတာ တဖက်တတ်ဘဲဖြစ်ဖြစ် နှစ်ဖက်ပဲဖြစ်ဖြစ် …အချစ်ဆိုတာ ချစ်နေဖို့ ပါ… ချစ်နေပြီး ချစ်တတ်ဖို့ တာ အဓိကပါ။ချစ်နေ၇လို့ စိတ်ချမ်းသာ၇င် ဘာမှလုပ်ဖို့ မလိုပါဘူး..ဆက်ချစ်ပါ။

commentinfo By: dan at Aug 29, 2010
Comment #13

အခုလို comment တွေ ရေးပေးတဲ့ လူတွေကိုကျေးဇူးတင်ပါတယ်

အခုတော့ကျွန်တော်တို့ တွေ အဆင်ပြေသွားပါပြီ

တိတ်တိတ်လေးချစ်နေတာ ခံစားရပေမဲ့ 

အဲ့ ဒီ့ ခံစားရတဲ့ ဝေဒနာကချိုမြိန်တယ်ဗျ

ဒါပေမဲ့  ပိုင်ဆိုင်ချင်ရင်တော့နည်းနည်းတော့အရဲ စွန့် မှရလိမ့်မယ်

commentinfo By: veronnight at Jan 18, 2011
Comment #14

ဟုတ်လား။အရဲစွန့်ဖို့ကြိုးစားတုန်းပဲ။စာသားတွေကကျွန်တော့ကိုများ
ပြောနေသလားလို့တောင်ထင်မိတယ်

commentinfo By: badboychan at Jan 18, 2011
Comment #15

အင်း——ဟူတ်တယ်နော တို့မိန်းမသားတို့ဘ၀က
တို့နိုင်ငံကကိုရီးယားနိုင်ငံမဟူတ်တော့ ချစ်နေပေမဲ့လည်းမပြောရဲဘူး
ပြောမထွက်ပါဘူး

commentinfo By: poemu at Jan 24, 2011
Comment #16

တော်တော်အောင်မြင်တဲ့ တိတ်တခိုးချစ်ခြင်းပါပဲ

commentinfo By: ခင်ဘုန်းနေ at Mar 11, 2011
Comment #17

မင်းကိုတွေ့ရင် မျက်နှာလွှဲနေပေမယ့် မင်းကိုကြည့်နေချင်တယ် အဲစာသားက အတော်လေးလာပါတယ်
ဆက်ကြိုးစားပါ

commentinfo By: Nay Chi at Jul 3, 2011
Comment #18

မင်းကိုတိတ်တိတ်လေးချစ်နေပေမယ့်
မင်းကိုသိစေချင်တယ်။
အဲလိုပဲ သိစေချင်လိုက်တာ။
ကဗျာလေးကိုကြိုက်ပါတယ်။

commentinfo By: maylay at Apr 30, 2012
Comment #19

သူ ကိုဂရုမစိုက်သလိုနေပေမဲ့ 

သူတစ်ခုခုဖြစ်မှာကိုစိုးရိမ်နေတယ်

commentinfo By: chawchaw at Mar 20, 2013
Comment #20

မသိချင်ယောင်ဆောင်နေပေမဲ့ 

သ၀န်တိုမိတယ်

သြော်…

တိတ်တိတ်လေးချစ်ရတာတော်တော်လေးပင်ပန်းပါတယ်ကွာ

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment