Professional Authors

ကိုယ့်လက်မှာ မိုးတွေရွာနေတယ်

ကိုယ့်လက်မှာ မိုးတွေရွာနေတယ်

 

ပြတင်းပေါက်တွေလည်း ကိုယ့်စကား နားမထောင်တော့ဘူး

ပိုးဟပ်ဖြူလေးလည်း ကိုယ့်စကားနားမလည်တော့ဘူး

လူတယောက်နဲ့ပဲ ကိုယ်ရဲ့ချစ်ခြင်း ကုန်ခမ်းပြီးနောက်

မြွေတကောင် ကိုယ့်ကိုစိုက်ကြည့်နေပုံကသွေးနွေးလွန်းနေလို့…

အမှောင်တွေံဟာ ကိုယ့်ဆီ အကြော ဆွဲနေသူတယောက်လို

ဆန့်ငင်ဆန့်ငင် ရောက်လာမှာပဲ

ကိုယ်ကလက်ညှိုးတွေကိုက်လို့ မျက်ကြောတွေ လိုက်လို့

 အားလုံးကို လုံးချေမှာပဲ မြိုချမှာပဲ ရယ်ပစ်လိုက်မှာပဲ

ကိုယ်နောက်ဆို ဘာမှမထိန်းသိမ်းထားတော့ဘူး…

တရက်နှစ်ရက်နဲ့များစွာ အိုမင်းသွားချင်တယ်

ကိုယ့်ကိုမရိုးသားသူလို့မြင်ခြင်းကို အခုကစ လက်ခံနိုင်ပြီ

အသက်ကယ်ဆေးပုလင်းတောင်မှ ကိုယ်အဖုံးဖွင့်လိုက်တော့

ဆေးမှု့န်တွေဆီကနေ မီးခိုးတွေပဲ လိမ့်တက်လာတယ်လေ

သွက်သွက်ကိုခါနေပြီပဲပြောတော့

ညဘက်မှန်ကြည့်ရမှာ ကြောက်ခြင်းနဲ့….

ကိုယ်ဘယ်သူ့မှမညာဘူး ဟုတ်တယ်

ကိုယ် စိတ္တဇ နာနေပြီ…

 

 

မြေနံ့

၁၈ ၂ ၂၀၁၃

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

အဲဒီလက် ကြောက်စရာကောင်းတဲ့ အဲဒီလက် . . . မည်းမည်းကိုမှောင်လို့ 😉

commentinfo By: မိငြိဏ်းခက် at Mar 13, 2013
Comment #2

no no my hand skin is fair…hehe 😛

commentinfo By: SoFarAwayFromU at Mar 14, 2013
Comment #3

သိဘူးအေ . . မည်းတာပဲသိတယ် ခွိခွိ 😛

commentinfo By: မိငြိဏ်းခက် at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment