Professional Authors

ငြိမ်းချမ်းရေး-၂

တုတ်ကြီးကြီး ကိုင်ထားသူက
ငြိမ်ဝပ်ရေး လိုချင်တယ်
တုတ်ချင်းယှဉ်နိုင်ပြီ ထင်သူက
လွတ်မြောက်ရေး လိုချင်တယ်
လက်ထဲမှာ တုတ်မပါသူတွေက
ငြိမ်းချမ်းရေးလိုချင်တယ်။

ဒီကဗျာ
မြေဇာပင်များအကြောင်း
မျက်ရည်ခံမထိုးပါ
သင် သဘောမတူခွင့်ရှိသော
အတွေးတစ်ခုပါ။

ငြိမ်းချမ်းရေးဆိုတာ
တိုက်ယူလို့မရဘူး
“ရော့” ဆို ပေးလို့လည်းမရဘူး။

လမ်းလျောက်ရုံနဲ့မရဘူး
ငြိမ်းချမ်းရေးဆိုတာ…
စကားတွေနဲ့မရဘူး
ငြိမ်းချမ်းရေးဆိုတာ…
အားကြီးရုံနဲ့မရဘူး
ငြိမ်းချမ်းရေးဆိုတာ…။

ငြိမ်းချမ်းရေးဆိုတာ
လွယ်လွယ်ကူကူမဟုတ်ပေမယ့်
သိပ်လည်း ခက်ခဲမနေပါ
သိပ်လည်းရှားပါးမနေပါ။

ညီညွတ်ခြင်းပါ
ငြိမ်းချမ်းရေးဆိုတာ…
မျှတခြင်းပါ
ငြိမ်းချမ်းရေး ဆိုတာ…
ချစ်ကြည်ခြင်းပါ
ငြိမ်းချမ်းရေးဆိုတာ…။

……………….
……………………..
……………………………..

ငြိမ်းချမ်းရေးဆိုတာ
ဆုံးဖြတ်ချက် နှစ်ခုမျှသာ။     ။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

🙂
phat shu twar par de

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment