Professional Authors

အလွမ်း-၂

မလွမ်းတတ်တာမှ မဟုတ်ပဲမိစုရယ်
လွမ်းခွင့်ကို ငါ့ဘာသာ သော့ခတ်ခဲ့တာပါ။

ငါမအိပ်သေးရင် ထိုင်စောင့်ပြီး
ငါအိပ်ယာဝင်ချိန်မှာ
ငါ့လက်ကို ဆုပ်ပြီးမှ
ရဲရဲ အိပ်ပျော်ရှာသူတစ်ယောက်အတွက်
ငါက ဘယ်လို အသိစိတ်နဲ့
တပါးသူအကြောင်း တွေးရမှာလဲ။

အလွမ်းဆိုတာ
မေ့သင့်ရင် မေ့ထားရတယ် ညီမရယ်။

တကယ်တော့ အလွမ်းဆိုတာ
တကိုယ်ကောင်းဆန်ခြင်း တမျိုးဆိုတာ
အလွမ်းဆိုတာ
လက်ရှိတစ်ယောက်ကို သစ္စာဖောက်ခြင်းဆိုတာ
ငါ….၀န်ခံရလိမ့်မယ်။

လွမ်းသင့်တုန်းက
လက်ဖ၀ါးတွေ မွမွကြေအောင်လွမ်းပြီးပြီပဲ
နှုတ်ခမ်းတွေ သွားရာထင်အောင်လွမ်းပြီးပြီပဲ
အခု
အလွမ်းကို လူသေတစ်ယောက်လို မြုတ်နှံခဲ့ပါတယ်။

မိစုရယ်
အလွမ်းဆိုတာ
ပိတ်ပင်ကောင်းသောအရာ
ငါ
ရဲရဲကြီး အာမခံပါတယ်။  ။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

ကျွန်တော်…နှစ်သက်ဆွံအစွာ ခံစား အားပေးသွားပါတယ်

လေးစားလျက်

commentinfo By: အသဲကွဲ မိုး at Feb 28, 2013
Comment #2

he.he.
dificult to understand for me.
😛

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment