Professional Authors

PoemsCorner Authors

တမ်းတခြင်း “မြူ”

ကျနော်က သူမ ကို ချစ်တယ်

ရယ်သံလေးတွေကအစ

စိတ်ပုပ်တာလေးတွေကအဆုံး

ကျနော် သူမ ကို ချစ်ပါတယ်။

 

ကျနော်က သူမ ကို ချစ်တယ်

ဟန်ဆောင်နေတာလေးတွေကအစ

လိမ်ညာနေတာလေးတွေက အဆုံး

ကျနော် သူမ ကို ချစ်ပါတယ်။

 

ကျနော်က သူမ ကိုချစ်တယ်

အထာကျတဲ့ ဆရာမက

ခါချမှာ စိုးရိပ်နေရတဲ့ ချစ်ခြင်းမျိုးဖြင့်

ုကျနော်က သူမ ကိုချစ်ပါတယ်။

 

ကျနော်က သူမ ကိုချစ်တယ်

ပြန်လည်ဖြေကြားခြင်းမရှိတဲ့

ဖုန်းလေးတစ်လုံးလို

ကျနော်က သူမ ကိုချစ်ပါတယ်။

 

ကျနော်က သူမ ကိုချစ်တယ်

ဧရိယာပြင်ပသို့ရောက်ရှိနေတဲ့

ခေါ်ဆိုမှုကဲ့သို့သော် ချစ်ခြင်းမျိုးဖြင့်

ကျနော်က သူမကိုချစ်ပါတယ်။

 

ကျနော်က သူမ ကိုချစ်တယ်

မပြောရက်မဆိုရက်ခဲ့တဲ့

နာကျင်မှုတွေ မျိုသိပ်လိုက်သလိုမျိုး

ကျနော်က သူမ ကိုချစ်ပါတယ်။

 

ကျနော်က သူမ ကိုချစ်တယ်

ခဏခဏ ဒဏ်ရာရနေတဲ့

သိုးငယ်တစ်ကောင်လို ချစ်ခြင်းမျိုး

ကျနော်က သူမ ကိုချစ်ပါတယ်။

 

ကျနော်က သူမ ကိုချစ်တယ်

ခပ်နက်နက်စွဲလန်းခဲ့ဖူးတဲ့

ကော်ဖီခါးခါးတစ်ခွက်လိုမျိုး

ကျနော်က သူမ ကိုချစ်တယ်။

 

ကျနော်က သူမကိုချစ်တယ်

မီးညှိပြီးကာစ စီးကရက်တိုကို

တောက်ထုတ်လိုက်ရသလိုမျိုး

ကျနော်က သူမ ကိုချစ်တယ်။

 

ကျနော်က သူမကိုချစ်တယ်

နိဒါန်းနဲ့ နိဂုံးဆိုတာကို

မခွဲခြားတတ်သေးတဲ့ ကလေးငယ်လိုမျိုး

ကျနော်က သူမ ကိုချစ်တယ်။

 

ကျနော်က သူမ ကိုချစ်တယ်

……………………………

…………    ………….

………………………………

………………..ချစ်တယ်  ။

 

 

p.s // စိတ်ကူးတည့်ရာရေးထားပါသည်။ သည်းခံပြီးဖတ်လော့ :)

 

                               မာန်ခက်ဝင့်

                               26.02.2013

In: ကဗျာ Posted By: Date: Feb 26, 2013
Comment #1

sate kuu de yar yaee phwe htar de hu so taw poem laee ko ta laee ta sarr arr ya parr ya hnit chike kyi hmway swar khan sarr arr pay par de shint.

commentinfo By: ei lay at Feb 26, 2013
Comment #2

ဟုတ်ကဲ့ပါ ခံစားအားပေးသွားပါတယ်
နှစ်သက်မိပါတယ်

ဒေါ်မိုးပါ

commentinfo By: အသဲကွဲ မိုး at Feb 26, 2013
Comment #3

ဖတ်လိုက်တာ..ကဗျာလည်းဆုံရော…..
ကျွှန်တော်လည်း…သူမကို ချစ်တယ်ဖြစ်လာပြီးဗျို……………
အားပေးလျှက်ပါ…

commentinfo By: tabound at Feb 26, 2013
Comment #4

ကျနော်က သူမ ကိုချစ်တယ်

commentinfo By: မတ်တရာ at Feb 27, 2013
Comment #5

ဒေါ်မိုး ရေးပုံနဲ့ တူသလိုပဲ……ဒေါ်မိုးရဲ့ရင်ငွေ့သွန်းတဲ့ ပုရပိုဒ် …..လိုပဲ..ခံစားမိပါ၏…..ကောင်းပါသည်..

commentinfo By: bone lay htet lwint at Feb 27, 2013
Comment #6

Arrr payy twe tae a ko a ma myr kyae zue pr….ko bone lay kyanaw ka Daw Moe favorite pr byat 😀

commentinfo By: mankhat wint at Feb 27, 2013
Comment #7

both title & poem r so sweet

commentinfo By: ei lay at Feb 27, 2013
Comment #8

မအိလေး ကျေးဇူးပါဗျာ နှစ်ကြိမ်မြောက်ဝင်ဖတ်ပေးလို့ …… bone lay htet lwint ခင်ဗျ

ကျနော်က အသဲကွဲမိုးရဲ့ ပရိတ်သတ်တစ်ယောက်ပါဘဲခင်ဗျာ အာ့ကြောင့်များလား မသိ… :)

ဘာဘဲဖြစ်ဖြစ်ကျေးဇူးပါ ဆရာမအသဲကွဲမိုး နဲ့တူနေတယ်ဆိုတော့ ဝမ်းသာရပါတယ်ဗျာ

commentinfo By: မာန်ခက်ဝင့် at Feb 27, 2013
Comment #9

nope
that is my 5 time reading of 2 comments.
😛

commentinfo By: ei lay at Feb 27, 2013
Comment #10

ထင်ထားတာထက်တောင် ပိုနေတယ်ဗျာ။ 😀 😀 😛

commentinfo By: မာန်ခက်ဝင့် at Feb 27, 2013
Comment #11

really awestruck.

commentinfo By: ei lay at Feb 27, 2013
Comment #12

…အ..နောက်တယ်နော်….ကျွန်တော် အင်္ဂလိပ်လိုမတတ်မှန်း အစ်ကို ဘယ်လိုသိလဲမသိ…..ဟဟ..ဂယ်မိုက်တယ်…..ကြိုက်ပါတယ်ဆို…….( အာရုံခံစားပုံများ…)(မီးညှိပြီးကာစ စီးကရက်တိုကို

တောက်ထုတ်လိုက်ရသလိုမျိုး)
(ပြန်လည်ဖြေကြားခြင်းမရှိတဲ့

ဖုန်းလေးတစ်လုံးလို)…..

commentinfo By: bone lay htet lwint at Feb 28, 2013
Comment #13

ကျေးဇူးပါဗျာ

commentinfo By: မာန်ခက်ဝင့် at Mar 1, 2013
Comment #14

ရုက်…ရုက်

commentinfo By: bone lay htet lwint at Mar 1, 2013
Comment #15

Say, you got a nice blog article.Much thanks again. Keep writing.

commentinfo By: air jordan 13 unc pe at May 7, 2013
Comment #16

thank u pr :)

commentinfo By: မာန်ခက်ဝင့် at May 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment