Professional Authors

ကြယ်စင်ချစ်သူ

အို..ကြယ်စင်
မိုးသောက်အလင်းရောက်လို့
နေမင်းကြီးနဲ့အတူကွယ်ပျောက်ခဲ့ပေါ့….
တစ်သက်မှာ တစ်ခါ
တစ်ခါမှာ တစ်ညသာ
ချစ်ကြင်ခွင့် ရခဲ့တဲ့
အို..ကြယ်စင် ရယ်…
ငါ အချစ်မှာ တန်ဖိုးထားလို့
မြတ်နိုးမိပေါ့
ငါ အချစ်မှာ ပါးနပ်လို့
လွမ်းဆွတ်မိပေါ့
ငါ အချစ်မှာ ယစ်မူးလို့
ရူးသွပ်မိပေါ့
ငါ အချစ်မှာ သံသယ ကင်းလို့
သည်နေမင်း သည်မိုးသောက်
အလင်းရောက် ဝင်လို့နှောက်မယ်
ငါ တကယ်
ဘယ်မထင်ခဲ့ပေါ့…..
အိုကြယ်စင်
တစ်သက်မှာ တစ်ခါသာ ချစ်ခွင့်ရခဲ့တဲ့ ကြယ်စင်
တစ်သက်မှာ တစ်ခါသာ နမ်းထိဖူးခဲ့တဲ့ ကြယ်စင်
သည်နေမင်း ဖျက်လို့
အိုကြယ်စင် နမ်းခွင့်မရှိသည့်တိုင်
 ငါ အချစ်မှာသိပ် ချစ်လို့
မှုန်ပြပြ အတိတ်တို့ရဲ့အရိပ်တွေနဲ့ပဲ
ဆွေးစိတ်ဖြေပါ့မယ် ကွယ်…..

In: ကဗျာ Posted By: Date: Feb 24, 2013
Comment #1

အား လား လားးးးးး
မူးယစ်ရီဝေသွားပါသည်

commentinfo By: ei lay at Feb 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment