Professional Authors

ပန်းပွင့်များရဲ့ ကျောက်စက်ရေ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ပန်းပွင့်များရဲ့ ကျောက်စက်ရေ

 

(နိဒါန်း)

အဖြူရောင် ရင်ဖုံးအင်္ကျီ ချင်းတူပေမဲ့…

ဝဲပျံနေတဲ့ ဆံပင်ဂုတ်ဝဲလေးမဟုတ်တော့ပေမဲ့…

အစိမ်းရောင်ထဘီ လေးမှာ

ပန်းခက်တွေ မပါတော့ပေမဲ့……

အစိမ်းရောင် ကြတ်ခြေခတ်နဲ့ဖိနပ်ကလေး မဟုတ်တော့ပေမဲ့..

…….ပေမဲ့

………ပေမဲ့….လည်း………….

မင်းခြေတစ်လှမ်းမှာ ကျက်သရေအဖြာဖြာနဲ့…

ပန်းကျောင်းတို့ရဲ့ ခေါင်းလောင်းသံတွေတိုင်းမှာ…

မင်းသတင်းကောင်းတွေ…..ပဲ့တင်စွာကြားနေရတယ်….

ငါတို့ချစ်သော   ဆရာမလေး ရယ်….။

 

(၁)

ခရီးဦးကြိုမဲ့သူတွေကိုတောင်

မင်းပိုင်ဆိုင်ထားပြီပေါ့….

တရိုတသေ ပိုက်ထားကြတဲ့ လက်ကလေးတွေ များစွာ…

ဆရာမ ဆိုတဲ့ သူတို့ဆီကခေါ်သံနဲ့…

ဆရာမလေး ဆိုတဲ့ အားလုံးရဲ့ခေါ်သံတွေကြားမှာ

ငါတို့ ကိုယ့်နာမည်ကို မြေပေါ်ပစ်ချပြီး

မင်းကို ပါဝင် မြတ်နိုးပါရစေ…..

ဆရာမလေးရေ……။

 

(၂)

တကယ်ပါကွယ်…

အဖြူနဲ့ အပြာရောင် ဘောင်ထဲက (-) ရော…

ဂျူတီကုတ် မ၀တ်ရသေးတဲ့ (-) ရော…

စီးပွားရေးနယ်ထဲက (-) ရော…

မင်းနာမည်ကို ရေရွတ်မိကြတဲ့အခါတိုင်း.မှာ

စိတ်ပါ လက်ပါ ဦးညွှတ်မိကြတယ်…

တကယ်ပါ..။

 

(၃)

ငယ်ငယ်က ငါတို့ခူးပေးနေကြ ပန်းကလေးတွေကို

သူတို့ကလေးတွေက နေ့တိုင်းခူးပန်ပေးကြပြီ..ပေါ့…။

မင်းရင်ခွင်က အေးမြ မှုကို

ငါတို့ ကူးစက်ခံစားနေရတယ်.. ။

 

(၄)

ရော်ဘင်ဟု ဘီးကလေး မစီးတော့ပေမဲ့….

အဖြူရောင် ကလစ်လေးတွေမတွယ်တော့ပေမဲ့…

အခု အချိန်က မင်းရဲ့ အလှကို

ငါတို့ ချယ်သပြလို့မရနိုင်တော့ပါဘူး …သူငယ်ချင်းရယ်..။

……………………………………………………

တစ်ခါကဆွဲပေးဖူးတဲ့ ပုံတူပန်းချီကားမှာသာ

(…….) ဆိုတဲ့ အဲဒီကောင်မလေးရှိနေတော့မှာ…

ငါတို့ လွမ်းတယ်…။

 

(၅)

ငါတို့ကိုလက်ပြလို့ နှုတ်ဆက်အသွား…

မီးရထားဘူတာရုံကလေးမှာ

ငါတို့မြင်ကြည့်ရတဲ့ (မင်းပုံရိပ်)ကလေးနဲ့ထက်တောင်မှ

မင်းပိုလှနေမယ်..ထင်ပါတယ်…။

 

(၆)

မင်းထမင်းချိုင့်ကလေးကို

ငါတို့ဖွင့်စားလို့မရတော့ဘူး…..။

မင်းသနပ်ခါး ပါးကွက်ဝိုင်းကလေးကို

ငါတို့မြင်ခွင့်မရတော့ဘူး…..။

မင်းနားရွက်ကလေးကိုလည်း

လိမ်ဆွဲလို့မရတော့ဘူး…..။

……………………….

ငါတို့ ဘာမှ ပြန်မရနိုင်ကြတော့ဘူး….။

 

(၇)

ငါတို့ ပြန်ကြားရတာ

တယ်လီဖုန်းထဲက မင်းစကားသံ…

(ကလေးလေးတွေဆီ ရွာကျပေးရတဲ့ စကားသံချိုချို)..

ပြည်နယ်တစ်ခုဆီက ကျောင်းဆရာမကလေးရဲ့..

ကောင်းမြတ် တဲ့ဂုဏ်သတင်းတွေ…..ပေါ့..။

……………………………………………………

ကျေနပ်တယ်ဆိုတာထက်

ဂုဏ်ယူမြတ်နိုးမိခြင်းတွေသာ

ငါတို့ရင်တွေထဲမှာ ပိုတိုးပွားလာခဲ့တာပါ..။

သိပ်..သေချာတယ်.။

 

(၈)

တစ်နေ့ကျရင်….

နွေးထွေးနီးစပ်တဲ့နှလုံးသားတွေနဲ့

ပြန်လည် ပွေ့ဖက်ကြမယ်…

ပြန်လည်…ထွေးဖက်ကြမယ်..

တစ်နေ့နေ့…မှာပေါ့..။

 

(နိဂုံး)

ကြယ်ကလေးများအား မင်းလက်နဲ့ရေး…

နေရောင်ခြည်လို အလင်းတန်း များပေး…

(ငါတို့ချစ်သော) ဆရာမလေး ရေ…..

ကျောက်စက်ရေ စီးကျသံတွေကို

ကမ္ဘာမြေက ညွှတ်တွားစွာလက်ခံခဲ့ကြရပြီ…။

……………………………..

ပန်းခင်းကလေးများကိုပျိုးကျဲ ထွန်ယက်..

သူတို့ရဲ့ လက်တွေနဲ့ အနာဂါတ်မှာ…

ပန်းပျိုးသူ….ကျောက်စက်ရေ…..

မင်းထာဝရ အေးမြပါစေ ကွယ်……။။။

 

နိုးဆက်နေ့ – သီဟန်စိုး –  သွဲ့သွဲ့

In: ကဗျာ Posted By: Date: Feb 23, 2013
Comment #1

အားပေးငွားပါတယ်….

တစ်နေ့ကျရင်….

နွေးထွေးနီးစပ်တဲ့နှလုံးသားတွေနဲ့

ပြန်လည် ပွေ့ဖက်ကြမယ်…

ပြန်လည်…ထွေးဖက်ကြမယ်..

တစ်နေ့နေ့…မှာပေါ့..။

commentinfo By: loafer at Feb 23, 2013
Comment #2

🙂

commentinfo By: ei lay at Feb 24, 2013
Comment #3

Thank you ever so for you article.Really looking forward to read more. Keep writing.

commentinfo By: air jordan 4 release date 2011 at Apr 28, 2013
Comment #4

ကယ်ကလေးများအား မင်းလက်နဲ့ရေး…

နေရောင်ခြည်လို အလင်းတန်း များပေး…

(ငါတို့ချစ်သော) ဆရာမလေး ရေ…..

ကျောက်စက်ရေ စီးကျသံတွေကို

ကမ္ဘာမြေက ညွှတ်တွားစွာလက်ခံခဲ့ကြရပြီ…။

……………………………..

ပန်းခင်းကလေးများကိုပျိုးကျဲ ထွန်ယက်..

သူတို့ရဲ့ လက်တွေနဲ့ အနာဂါတ်မှာ…

ပန်းပျိုးသူ….ကျောက်စက်ရေ…..

မင်းထာဝရ အေးမြပါစေ ကွယ်……။။။

ဒီကဗျာဖတ်ရတာ ကျောကိုစိမ့်ထွက်သွားတာပဲရှင်… တကယ်ကောင်းတယ်
ကိုယ်တိုင်က ဆရာမဆိုတော့ ကိုယ့်သူငယ်ချင်းတွေ အနားမှာလာပြောသွားသလို ခံစားလိုက်ပါတယ် ..

commentinfo By: မေပျို at Apr 28, 2013
Comment #5

ကျွန်တော်တို့ အားလုံးကိုယ်စား ကျေးဇူးပါဗျာ

commentinfo By: နိုးဆက် at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment