Professional Authors

ဇာခြည်ချော့တေး-ရွှေကြယ်မိုး

ဒီအတိုင်းပဲ ဆက်ငိုနေမယ်ဆိုရင် မင်းကို ပိုးကောင်ကြီးတွေ လာကိုက်လိမ့်မယ်ကွ

မျက်ရည်တွေကို သုတ်လိုက်…ငြိမ်းချမ်းရေးတရားတွေ မငြိမ်းချမ်းနိုင်မှန်း ခေါင်းထဲမထည့်နဲ့

မရှိုက်နဲ့လေ…မျက်ရည်တွေကို သွန်မချနဲ့…ခေါင်းမော့ဇာခြည်…ခေါင်းမော့ဦး

ဟိုးရှေးရှေးတုန်းကပုံပြင်တွေထဲမှာပဲ ထားနိုင်သမျှကို ထားလိုက်ကြတာ ပိုကောင်းတယ်

တစ်ခါတစ်လေမှာ ယုံကြည်ချက်တွေနဲ့ဖြစ်ဖြစ်၊ အမှန်တရားတွေနဲ့ဖြစ်ဖြစ်

တည်ဆောက်ယူလို့မရတာတွေ အများကြီးပဲဆိုတာ မင်းကိုပြောထားဖူးတယ်မဟုတ်လား

 

ငိုချင်စရာကောင်းနေတာ အစကတည်းက

ငိုကြွေးခြင်းက ဖြစ်ခဲ့သမျှတွေအတွက် အကောင်ဆုံးမဟုတ်ဘူး

တိတ်စမ်းပါ ဇာခြည်ရယ်…ဟုတ်တယ်…တို့နောက်ကျသွားပါပြီ

နောက်ကျသွားပြီထင်ရတာမျိုး ခြေကျွံသွားပြီထင်ရတာမျိုး

ဟုတ်တယ်…ဒါမဆန်းဘူးကွ…တုံးခုလှမ်းလို့မရတဲ့လမ်းတွေကို

သိတယ်မဟုတ်လား ဇာခြည်…နေသားကျပြီးသားတွေပါကွာ

အရင်လိုအိမ်ပြန်ချိန်တွေ နောက်မကျဖြစ်တော့ဘူးမဟုတ်လား

သင်္ဘောပေါ်မှာ ငါနဲ့ နီးနီးကပ်ကပ်ပြန်ထိုင်လို့ အဆင်ပြေတယ်မဟုတ်လား

မငိုပါနဲ့ဇာခြည်ရာ…တိတ်ပါ…မျက်စိအိမ်တွေကို ပိတ်လိုက်…ပြန်မဖွင့်နဲ့ဦး

လိမ္မာပါတယ်…အပြီးသတ် သူ့ဘာသာသူ ယိုစီးကျသွားလိမ့်မယ်

 

အိမ်နေရင်းဝတ် အ၀ါရောင်အိင်္ကျီလေးနဲ့ မင်းက သိပ်လိုက်တာပဲ

ညညခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တဲ့ မင်းအမူယာလေးက သိပ်ချစ်ဖို့ကောင်းတာပဲ

တစ်ခါတစ်ခါကျမှ ကလေးဆန်ဆန်ထထရယ်တတ်တဲ့ မင်းစိတ်တွေက သိပ်လူဆန်တာပဲ

အဲ့တာတွေအကုန်လုံး ငါ့မျက်စိရှေ့မှောက်မှာ အမြဲတမ်း မြင်ရတွေ့ရချင်တာပေါ့

မငိုနဲ့ကွာ…မင်းသိပ်ပင်ပန်းလွန်းနေပြီ…မင်းရဲ့ ရှိုက်သံတွေက မင်းသိပ်ယုံကြည်လွန်းခဲ့တဲ့

ကံကြမ္မာကိုလှောင်ပြောင်သရော်နေရော့မယ်…ပစ်ပစ်ခါခါ နာကျည်းနေရော့မယ်

 

တိတ်တော့နော်…ဟိုးမှာ ဘီလူးသရဲကြီးတွေ ရှိတယ်

အစိမ်းရောင်လက်တံတွေနဲ့ ရင့်ရော်ကျနေတဲ့ တစ္ဆေအိုတွေရှိတယ်

မင်းဆက်ငိုရင်နေ သူတို့မင်းကို လာကိုက်စားလိမ့်မယ်

 

အဓိကက မင်းရဲ့မျက်ရည်တွေ ခြောက်သွားဖို့လိုတယ်

ဇာခြည်…ဒီမျက်ရည်တွေ…မှောင်တောင် မှောင်လုပေါ့

တိတ်ပါကွာ…ငါတို့ရဲ့ ကောင်းကင်လေး

ငါတို့ရဲ့ အိပ်မက်လေး…ငါတို့ရဲ့ ဘ၀လေး

မကြာခင်မှာ ငါမျက်စောင်းထိုးအိမ်လေးဘ၀က

နှုတ်ထွက်ရတော့မယ်…ငါ ဘယ်လိုလုပ် မင်းရဲ့

အဝေးကို ထွက်သွားရက်မှာလဲ…ဇာခြည်ရယ်

တိတ်နော်…လက်တွေ့တွေထဲမှာက လွဲလို့

ဘယ်နေရာမှာမှ ငါတို့ မဝေးကြပါဘူး ဇာခြည်ရယ်

 

တိတ်စမ်းပါဇာခြည်…တိတ်စမ်းပါ

မင်းလိမ္မာပါတယ်…မငိုနဲ့တော့ကွာ

မငိုနဲ့တော့…ကြောင်မဲကြီးလာလိမ့်မယ်

သရဲကြီးလာလိမ့်မယ်…တိတ်…တိတ်

ဘီလူးသဘက်ကိုသိလား…ဟစ်တလာကိုသိလား

မငိုနဲ့ဇာခြည်…သူတို့လာကြလိမ့်မယ်

Mi 35 လေယဉ်ပျံတွေကို ကြားဖူးလား

နာဂစ်ကိုကြားဖူးလား…ကဒါဖီကို ကြားဖူးလား

ဗမာစစ်တပ်ကို ကြားဖူးလား…တိတ်ပါကွာ…လိမ္မာပါတယ်

သူတို့တကယ်လာကြမှာကွ…ဟော…တိတ်…တိတ်…ဇာခြည်

လိမ္မာပါတယ်ကွာ…တိတ်တော့နော်…အမှန်တရားဟာ

အပြီးသတ်လှပခြင်း ဟုတ်မှမဟုတ်တာပဲ ဇာခြည်

                                                ရွှေ ကြယ် မိုး

                            www.shwekyalmoe.blogspot.com

In: ကဗျာ Posted By: Date: Feb 22, 2013
Comment #1

ကြိုက်တယ်ဗျာ….လေးစားမိပါတယ်

commentinfo By: နိုးဆက် at Feb 22, 2013
Comment #2

ပိုပြီးတောင်ငိုချင်သွားပြီ
၁ ခါဖတ်ြပီးတော့ 20 မိနစ်လောက်ငြိမ်ကျသွားတယ်
နောက်တခါထပ်ဖတ်တယ်
ဘာမှကိုမလုပ်ချင်တော့ဘူး
မျက်ရည်တွေကျ ပြီး ရင်းကျပဲ

ကဗျာဆရာကြီးရဲ့ဖန်တီးမှုကတော့အံ့မခမ်းပါပဲ

commentinfo By: ei lay at Feb 22, 2013
Comment #3

တကယ့်ကို နှစ်သက်ရတဲ့ စိတ်ကူးနဲ့ အရေးအသား…

commentinfo By: နိုးဆက် at Feb 23, 2013
Comment #4

ဒီအတိုင်းပဲ ဆက်ငိုနေမယ်ဆိုရင် မင်းကို ပိုးကောင်ကြီးတွေ လာကိုက်လိမ့်မယ်ကွ

မျက်ရည်တွေကို သုတ်လိုက်…ငြိမ်းချမ်းရေးတရားတွေ မငြိမ်းချမ်းနိုင်မှန်း ခေါင်းထဲမထည့်နဲ့

မရှိုက်နဲ့လေ…မျက်ရည်တွေကို သွန်မချနဲ့…ခေါင်းမော့ဇာခြည်…ခေါင်းမော့ဦး

ဟိုးရှေးရှေးတုန်းကပုံပြင်တွေထဲမှာပဲ ထားနိုင်သမျှကို ထားလိုက်ကြတာ ပိုကောင်းတယ်

တစ်ခါတစ်လေမှာ ယုံကြည်ချက်တွေနဲ့ဖြစ်ဖြစ်၊ အမှန်တရားတွေနဲ့ဖြစ်ဖြစ်

တည်ဆောက်ယူလို့မရတာတွေ အများကြီးပဲဆိုတာ မင်းကိုပြောထားဖူးတယ်မဟုတ်လား

ကြိုက်ကြိုက်ကြိုက်

commentinfo By: အသဲကွဲ မိုး at Feb 23, 2013
Comment #5

အထူးထုးကျေးဇူးတင်ပါတယ်ခင်ဗျာ
ဇာခြည်ကဗျာတွေကတော့ လအနည်းငယ်ကြာတဲ့အခါ
ထပ်ရေးဖြစ်ဦင်္းမယ်ထင်ပါတယ်

commentinfo By: ရွှေကြယ်မိုး at Feb 23, 2013
Comment #6

ကြိုက်တယ်ဗျာ…အရမ်းမိုက်တယ်ရေးထားတာ
လေးစားစွာနဲ့ ဖတ်သွားပါတယ်

commentinfo By: loafer at Feb 23, 2013
Comment #7

အိမ်နေရင်းဝတ် အ၀ါရောင်အိင်္ကျီလေးနဲ့ မင်းက သိပ်လိုက်တာပဲ

ညညခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တဲ့ မင်းအမူယာလေးက သိပ်ချစ်ဖို့ကောင်းတာပဲ

တစ်ခါတစ်ခါကျမှ ကလေးဆန်ဆန်ထထရယ်တတ်တဲ့ မင်းစိတ်တွေက သိပ်လူဆန်တာပဲ

commentinfo By: နိုးဆက် at Feb 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment