Professional Authors

မမျှော်လင့်ပါနဲ့  ငါ့ကို

ကောင်လေး…
မင်းနဲ့ ငါတွေ့ တုန်းကလေ
ကောင်းကင်ကပြာ နေကသာ
ရောင်ဝါထိန်လင်း အပူတပြင်းနဲ့ 
နွေဥတုရဲ့  နောက်ဆုံးလမှာ
အပြုံးပန်းတွေဆင်ကာ
ရိုးရိုးသားသားပဲ တို့ ခင်ခဲ့တယ်…။

မကြာပါဘူး
မြေနံ့ စိုသင်း
အဖြူအစိမ်းတို့ ကျောင်းအဖွင့်တွင်
ဂန္တ၀င်မဆန်ပဲ မိုးစက်ကြားထဲ
ရင်ဖွင့်ပြတယ်
မင်းမိုးထားပေးတဲ့ ထီးကလေးကိုတော့
ကျေးဇူးတင်လေရဲ့ …။

ဒီလိုပါပဲ ကောင်လေးရယ်…
ချစ်တယ်ဆိုတိုင်း တန်ပြန်မှုမရှိနိုင်ဘူး
နယူတန်ကလည်း ပန်းသီးနဲ့ ပဲသိခဲ့တာ
အချစ်နဲ့ သိခဲ့တာမဟုတ်ဘူး
အချစ်ဆိုတာ လေထုထဲက
Atom လေးတွေလိုပါပဲ
တစ်ချိန်ချိန်တော့
တစ်ယောက်ယောက်နဲ့  မင်းပေါင်းဖက်နိုင်မှာပါ…။

မင်းငါ့ကိုစိတ်နာလိုက်စမ်းပါ
မေတ္တာတရားခေါင်းပါးတဲ့ လူတစ်ယောက်လို့ 
သတ်မှတ်လိုက်စမ်းပါ…
ငါမင်းအတွက်မရှိနိုင်ဘူး…
ရှိလာမှာလည်းမဟုတ်ဘူး…။

ကောင်လေး…
နင့်နာမည်တောင် မကောင်းတတ်လို့ 
သူငယ်ချင်းတွေကို မေးပြီးမှတ်ထားရတယ်
အဲ့လောက်ထိ အကြင်နာတရာခေါင်းပါးသူပါ
ဘာမှ…ငါထံကမမျှော်လင့်ပါနဲ့ …။

သွားတော့နော် ကောင်လေး
မင်းဆက်လျှောက်မဲ့လမ်းမှာ
ပန်းတိုင်တွေရှိတယ်
ငါ့အတွက်နဲ့  ဆူးညှောင့်တွေထဲ
မင်းမတိုးပါနဲ့ 
မင်းအတွက်ခါးမယ်…။

ဒီကဗျာလေးဟာ ကျွန်တော့်ဖာသာသူမနေရာဝင်ပြီးခံစားရေးကြည့်တာပါ မိန်းကလေးတစ်ယောက်အနေနဲ့ ပေါ့…။

အဲ့လိုလေးကိုယ့်ကိုယ်ကိုဖြေသိမ့်ပြီးသူမ မချစ်နိုင်တာတွေကိုနားလည်ပေးလိုက်ပါပြီ…။

မိန်းကလေးဘက်ကရေးထားတာမို့ လို့ ပေါက်ကရတွေများပါနေရင်သည်းခံပေးကြပါနော်…။

In: ကဗျာ Posted By: Date: Feb 21, 2013
Comment #1

kwi .kwi
loafer.nga tone
nyant par daw.
😛
pout ka ya tway pe shout sinn sarr nay de
ta khu hma hote bu

commentinfo By: ei lay at Feb 21, 2013
Comment #2

e lo sinn sarr like dot loafer sate chann tar lar?
pyaw twar lar?
kyay nat lar?

commentinfo By: ei lay at Feb 21, 2013
Comment #3

sate chan tar par tal
pyaw par tal
kyay nat par tal
thu ma yin htae ka real feeling twe pal ko
i ka amyae ae lo anyin khan nay ya tar …

commentinfo By: loafer at Feb 21, 2013
Comment #4

he.he.
imposdible
lone wa yone bu.
😛

commentinfo By: ei lay at Feb 21, 2013
Comment #5

loafer yin hte ka har tway ma hote dot poem ka a yann ti tar de.
phat ya dar ko ka pot pyat pyat ne lae.
loafer khan sarr pi yaee ma htar hman a yann ti tar de.
ei pyaw dar ma yone yin loafer pyan p dot d poem ko khan sarr kyi like naw.
😛

commentinfo By: ei lay at Feb 21, 2013
Comment #6

Oh! My God !

hehehe~~~ yat yat sat sat mhan lite lay ma ei lay yar d poem ko write khae pay mae yin htae ka tot ae sa ka lone twe m hote par woo thu ma i ko pyan chit phoe lout pal htwet kya lar ya mhar amhan takal so yin 😀
yin htae ka sa kar twe ko pyoung pyan lote p write htar tar 😀

lay sar par tal ma ei lay
yin kyat loon hla par tal khin byar~~~ 🙂

commentinfo By: loafer at Feb 21, 2013
Comment #7

ရင်ကျပ်လွန်းလှပါတယ်

ပလုပ်တုတ်
အဲတော့
အိဘာမှလုပ်ဘူးနော်
😛

commentinfo By: ei lay at Feb 21, 2013
Comment #8

သွားတော့နော် ကောင်လေး
မင်းဆက်လျှောက်မဲ့လမ်းမှာ
ပန်းတိုင်တွေရှိတယ်
ငါ့အတွက်နဲ့  ဆူးညှောင့်တွေထဲ
မင်းမတိုးပါနဲ့ 
မင်းအတွက်ခါးမယ်…။

commentinfo By: မေပျို at Feb 21, 2013
Comment #9

Tain!

yint kyat loon hla par tal loz pyaw tar par 😀

thz ma may pyo

commentinfo By: loafer at Feb 22, 2013
Comment #10

နယူတန်ကလည်း ပန်းသီးနဲ့ ပဲသိခဲ့တာ
အချစ်နဲ့ သိခဲ့တာမဟုတ်ဘူး

(right ) 🙂

commentinfo By: raingirl at Feb 22, 2013
Comment #11

သြော်. . .တယ်လည်း အချစ်ကြီးတဲ့လူပါလားဗျာ
သူ့ဘက်ကိုတောင်တွေးပြီး ကဗျာရေးပေးလိုက်သေးတယ်
ကဗျာလေး ဖတ်သွားပါကြောင်း ~~

With respect,
RAY

commentinfo By: X - ray at Feb 22, 2013
Comment #12

ကျေးဇူးပါ raingirl and X-ray

ဟီဟီ…ချစ်တော့လဲဒီလိုပဲလေ ကဗျာနဲ့ ပဲဖြေသိမ့်ရတာပေါ့….။

commentinfo By: loafer at Feb 23, 2013
Comment #13

😛

commentinfo By: ei lay at Feb 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment