Professional Authors

ပြန်လည် နိုးထခွင့်ရခဲ့ရင် ………………..

Пробуждение

 

Мечты, мечты

Где ваша сладость?

Где ты, где ты,

Ночная радость?

Исчезнул он,

Веселый сон,

И одинокий

Во тьме глубокой

Я пробужден

Кругом постели

Немая ночь

Вмиг охладели

Вмиг улетели

Толпою прочь

Любви мечтанья

Ещё полна

Душа желанья

И ловит сна

Воспоминанья

Любовь, любовь,

Внемли моленья

Пошли мне вновь

Свои виденья

И поутру

Вновь упоенный

Пускай умру

Непробужденный

 

А.С. Пушкин

 

 

ပြန်လည် နိုးထခွင့်ရခဲ့ရင် ………………..

 

ပုံရိပ်ယောင်လေး

အတိတ်ခါးတွေ ပေးခဲ့

ခု ..ဘယ်မှာ … ဘယ်မှာလဲကွယ်

 

တဒင်္ဂ ချိုမြိန်မှုရေ …

အာရုံထဲတင် နစ်မြုပ်

မှိတ်တုတ် မှိတ်တုတ် အိပ်မက်ထဲ

အထီးကျန်သူ ငါ့ကို

သန်းခေါင်က နက်ရှိုင်းစွာ ထွေးပိုက်တယ်

 

လူးလွန့်စွာ တရေးအနိုး

စိတ်ရဲ့ သတ်ကွင်းထက်

စကားလုံးတွေ ကြိုးစင်တက်ပြီ

 

ရုတ်တရက် …. အေးစက်

ပျံ သန်း .. ကွယ် ပျက်

 

အညတြ ပန်းချီကားထက်

ကြည်နူးဖွယ် ပုံရိပ်ဆူးနဲ့

လပြည့်ဝန်းလေး ဖူးပေးပါ …

မျှော်လင့်ခြင်း လှောင်အိမ်လေးမှာ

ထာဝရ သိမ်းဆည်းချင်လို့ ….

 

တမ်းမွတ်စွဲလန်းမှု

မြတ်နိုးချစ်ခင်မှုတွေနဲ့

ဘဝဂ်တိုင်အောင် ဆုရည်ပန်ဆဲ

 

နောက်တကြိမ်သာ

ငါ့ အိပ်မက်ဟောင်းလေး

အရုဏ်တက်ခဲ့ရင်

မူးယစ် မှင် သက်

ရှင်လျက် … သေဆုံး

သိမှတ်မဲ့စွာ ပြုံးရွှင်နိုးပါရစေတော့ ……

 

ချီရွန် ( ပုလဲ)

 

နောက်ထပ် ကျနော့်ရဲ့ ဘာသာပြန်လက်ရာပါ။ ခံစားပေးကြပါဦး။ မူရင်း ကဗျာကို မမှီရင် ကျနော် ညံ့လို့သာ ဖြစ်ပါကြောင်းးးးးး

In: ကဗျာ Posted By: Date: Feb 19, 2013
Comment #1

super like.
မူးယစ်မှင်သက်
ရှင်လျှက်သေဆုံး
သိမှတ်မဲ့စွာ
တမ်းမွတ်ဆွဲလမ်းမှု
မြတ်နိုးချစ်ခင်မှုတွေနဲ့
ဘဝဂ်တိုင်အောင်ဆုပန်ရည်ဆဲ

commentinfo By: ei lay at Feb 20, 2013
Comment #2

ကျေးဇူးတယ်ပါတယ် ညီမလေး ဘာပဲဖြစ်ဖြစ် အားပေးတဲ့သူရှိတော့ ဝမ်းသာရပါတယ်။ ကိုယ့်ကဗျာ မဟုတ်ဘဲ သူများကဗျာ ဘာသာပြန်ထားရတာဆိုတော့ တော်တော်လေး အားထုတ်ထားတာ အသိအမှတ်ပြုပေးတဲ့အတွက်ပါ။

commentinfo By: ChIr0N at Feb 20, 2013
Comment #3

ဘာသာပြန်တာဘယ်လောက်ခက်တယ်ဆိုတာ အိ သိတာပေါ့
သေသေချာချာမလေ့လာထားပဲနဲ့တော့လုံးဝမဖြစ်နိုင်ပါဘူး
ဒါကြောင့်အရမ်းလေးစားမိပါတယ်
ကဗျာတပုဒ်ဖြစ်ဖို့ ဘယ်လောက်အားထုတ်ရမယ်ဆိုတာလည်း အိကိုယ်ချင်းစာပါတယ်
အကိုက အိ တခုမှမလုပ်နိုင်တဲ့အရာတွေအားလုံးကို ကျွမ်းကျင်နေလို့အရမ်းအားကျမိပါတယ်

commentinfo By: ei lay at Feb 20, 2013
Comment #4

အခုနောက်တပုဒ်ကို စပြီး ဘာသာပြန်နေတယ် ညီမလေး။ မြန်မာစကားက ဝေါဟာရကြွယ်တာရယ် ပြီးတော့ စကားလုံးတစ်လုံးချင်းရဲ့ အဓိပ္ပါယ်လှတာရယ်ကြောင့် မြန်မာလိုပြန်လို့ ပိုပြီး အဆင်ပြေနေတယ် ထင်ပါတယ်။ သူ့ရဲ့ မူရင်း ကဗျာကို ဖတ်ကြည့်ရင်တော့ အကိုရေးထားတဲ့အတိုင်း တိုက်ရိုက် ခံစားရမှာ မဟုတ်ဘူး။ ဥပမာ ဆိုပါတော့ သူက အပေါ်ဆုံးမှာ
အိပ်မက် အိပ်မက်
မင်းရဲ့ ချိုမြိန်မှု ဘယ်မှာလဲ
ဘယ်မှာလဲ ဘယ်မှာလဲ ……. ဒါ တိုက်ရိုက် အဓိပ္ပါယ်ပါ …
အကို ပြန်ပြင်ရေးထားတာက
ပုံရိပ်ယောင်လေး
အတိတ်ခါးတွေ ပေးခဲ့
ခု ..ဘယ်မှာ … ဘယ်မှာလဲကွယ်
အဲလိုပေါ့ အဓိပ္ပါယ်ကတော့ အတူတူပါပဲ ရေးပုံလေး စကားလုံးလေး နည်းနည်းကွာတာပေါ့။

commentinfo By: ChIr0N at Feb 20, 2013
Comment #5

အဲဒါကြောင့်အိပြောတာပေါ့
ရိုးရိုးစာကြောင်းကိုတောင်ဘာသာပြန်ရတာမလွယ်တာလေ
ကဗျာဖွဲ့ရတာပိုခက်တာပေါ့
စကားလုံးရွေးချယ်မှုကလည်းရှိသေးတော့အရမ်းခေါင်းစားမှာပဲနော်
အကို့ ကိုအရမ်းလေးစားတယ်။အားကျတယ်။
အိကဖတ်လိုက်တာခဏလေးပဲပြီးသွားတယ်။
အကိုကတော့ ဘယ်လောက်တောင်ကြိုးစားထားရလဲမသိဘူး

ကြိုပြောထားပါရစေနော်
အိကို အကို့လိုမျိုး ကြိုးစားခိုင်းမှာဆိုးလို့
😛
အိကစာမတော်ဘူး ဟီးဟီး
စာဖတ်ရတာလည်းကြိုက်ဘူး
poems corner မှာဘယ်လိုဖြစ်ပြီးဖတ်ဖြစ်သွားလဲ အိကိုယ်တိုင်လည်းမသိတော့ဘူးအ

commentinfo By: ei lay at Feb 20, 2013
Comment #6

အင်း ရွာထဲမှာတော့ အဖတ်နိုင်ဆုံးနဲ့ အားလုံးကို အားပေးတာ အိလေး တစ်ယောက်ပဲ ထိပ်ဆုံးကပါ။ အကိုကတော့ ဖတ်တော့ဖတ်တယ် ဒါပေမဲ့ ဘယ်လိုပြောရမလဲ အကုန်လုံးတော့ လိုက်မဖတ်ဖြစ်တာ အမှန်ပဲ။ အချိန်မပေးနိုင်တာလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကဗျာကို အားပေးတဲ့အတွက်ရယ် ဘဝင်လေဟပ်အောင် ပြောပေးတဲ့အတွက်ရယ် ကျေးဇူးပါ။ =)

commentinfo By: ChIr0N at Feb 21, 2013
Comment #7

သာသာပြန် ကဗျာတွေကို သိပ်ကြိုက်တယ်ဗျ.။ အကိုချီရွန်ကလည်း ဘာသာပြန်တွေ လှတယ်.။ ပိုကောင်းသွားတာပေါ့..

commentinfo By: နိုးဆက် at Feb 21, 2013
Comment #8

အင်း ကျေးဇူးပါ ညီလေး။ နောက်တပုဒ်က တော်တော် စားနေတယ်။ ဘာလို့လည်းဆိုတော့ ဆရာပူရှ်ကင်န် က သူ့ မိန်းမအတွက် ရေးပေးတဲ့ ကဗျာဆိုတော့ စကားလုံးတွေ သိပ်နုနေတယ်။ အကို တော်တော် ကြိုးစားရမယ် ထင်တယ်။ တင်ရင် အားပေးပါဦး ဟိဟိ။ ကြိုပြီး ကြေငြာထားတာ။

commentinfo By: ChIr0N at Feb 21, 2013
Comment #9

ဟုတ် ကဲ့… ခင်……ဗျ 🙂

commentinfo By: 13th at Feb 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment