Professional Authors

မန္တလေးလွမ်းချင်း

ဖုန်ထူထူနဲ့
နေပူပူကြားက
မင်းနေပြည်တော်ဟောင်း
ဆိုင်ကယ်စက်သံတွေနဲ့
အသက်ဝင်နေတဲ့ ဒုတိယမြို့တော်
ကျုံးမြို့ရိုးတွေ ပြအိုးတွေနဲ့ ခန့်ညားတဲ့ နေရာဟောင်း
အဲလိုအလှတွေရှိတဲ့
မန္တလေးကို လွမ်းနေမိတယ်..။

ဇာတ်ကားကောင်းတိုင်း
သွားသွားကြည့်ဖြစ်တဲ့
မြို့မ ရုံကိုလည်းလွမ်းတယ်..
အရမ်းပျင်းတိုင်းမှာ သွားသွားဟစ်တဲ့
SN ကိုလည်းလွမ်းတယ်
အပါတ်တိုင်းလိုလိုရောက်ဖြစ်တဲ့
Maple ကိုလည်းလွမ်းတယ်
အမြဲတမ်းလိုလိုဖြတ်သွားဖြစ်တဲ့
၆၉ လမ်းကိုလည်းလွမ်းတယ်
ပိုက်ဆံရှိတိုင်း စာအုပ်သွားသွားဝယ်တဲ့
ရာပြည့် ကိုလည်းလွမ်းတယ်
အခွေသစ်ထွက်တိုင်း
ရောက်ဖြစ်နေတဲ့
Hollywood လည်းလွမ်းတယ်
သူငယ်ချင်းတွေနဲ့ သွားစားနေကျ
မြို့သစ် က မာလာဟင်းဆိုင်ကိုလည်းလွမ်းတယ်
အား……………………………….
မန္တလေး နဲ့ ပါတ်သတ်သမျှ အရာအားလုံးကို
အရမ်းကိုလွမ်းတယ်..။                 ။

In: ကဗျာ Posted By: Date: Feb 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment