Professional Authors

တမ်းချင်း

ပွင့်ဖတ်တို့ တစ်စစီကြွေ
သိင်္ဂါရတွေ မီးကျိုးမောင်းပျက်နဲ့
အမှတ်တရတွေထမ်းထားတဲ့ နှလုံးသားတစ်ခုလည်း…..
အစဉ်အလာအရ
ညတွေကို လက်ချိုးရေနေတယ် ချစ်သူ……

အတိတ်တွေလည်း မြူခိုးလိုဝေရင်း
သံစဉ်မဲ့ ဥာဉ်းချင်းတွေနဲ့
ဒြပ်မဲ့စွာ မွန်းကျပ်နေတဲ့ ရင်ဘက်ကလည်း….
မိုးရွာရင်
အရမ်းသတိရတာပဲ ချစ်သူ…

ဒီလို…….နဲ့

မိုးပေါက်ခနေတဲ့ အလွမ်းတွေနဲ့
ကမ်းမမြင်တဲ့ အသက်ရှုသံတွေ
အိပ်မက်တွေလည်း ခုနစ်ခန်းလွန်ခဲ့ပြီ..
ချစ်သူပေးတဲ့”သတိရခြင်း”တွေကလည်း
မာနကြီးလွန်းကြတယ်နော်….

ဘာဖြစ်ဖြစ်
စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့ ရင်ခွင်တစ်စုံမှာ..
နားလည်မှုတွေ ဝေေ၀ဆာဆာ ပွင့်တုန်းပဲ။

In: ကဗျာ Posted By: Date: Jun 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment