Professional Authors

ပန်းကလေး…..ချစ်သူ (သို့ ) ဆူး

အကြွေပန်းတွေ ကြွေတဲ့မနက်ကပေါ့ ချစ်သူ……….

ပန်းပန်သူ၇ဲ့ ………………
ပန်ဆင်ဖို့  အခက်ကိုချိုး အရွက်တွေချွေတဲ့ ခဏ
သူ့ ခေါင်းပေါ် မျက်နှာချီ….ဝင့်လို့ ဘဝ….
ပန်းဆိုတာ တန်ဆာတဲ့ချစ်သူ…

အိမ်ရှင်မတစ်ယောက်ရဲ့……………
အရွယ်ညီချိုးပါလို့  သုံးအိုးရယ်စီကာ ခစား
သူက..ဘုရားပုထိုးရဲ့ရှေ့တော်ပြေးပေါ့

ဥယျာဉ်မှူးတစ်ယောက်ရဲ့…………
ရင်သွေးတစ်ယောက်ပေါ့ ချစ်သူ….
မွေးဖွားခြင်းတစ်ဖက် ထိမ်းမြားခြင်းတစ်လက်နဲ့ 
သူက…ပန်းကလေးအတွက်…သုဘရာဇာဖြစ်ခွင့်မရှိခဲ့ဘူး…

အဆူးကိုခြွေပါ…..အရွက်လဲစွန့် ပါ
ချစ်သူက……….နှင်းဆီရိုင်းလေးလေ
ချစ်သူ…..ဆူးအဖြစ်နဲ့ နေရမယ်ဆိုလဲ
အခြွေခံရမယ်မှန်းသိသိကြီးနဲ့ .ကျွန်တော်နေချင်ပါသေးတယ်……..ချစ်သူ..။

In: ကဗျာ Posted By: Date: Feb 16, 2013
Comment #1

အားပေးသွားတယ်ဗျ ကြိုက်၏

commentinfo By: အသဲကွဲ မိုး at Feb 17, 2013
Comment #2

ကျေးဇူးပါဗျာ…..အားပေးတဲ့အတွက်

commentinfo By: thahanthit at Feb 17, 2013
Comment #3

အခြွေခံရမယ်မှန်းသိရက်နဲ့ ကျွန်တော်နေချင်ပါသေးတယ်..ချစ်သူ(မိုက်တယ်).အားပေးသွားပါတယ်

commentinfo By: ကဗျာချစ်တဲ့ကြယ် at Feb 18, 2013
Comment #4

အကြွေပန်းတွေ ကြွေတဲ့မနက်ကပေါ့ ချစ်သူ……….

ပန်းပန်သူ၇ဲ့ ………………
ပန်ဆင်ဖို့  အခက်ကိုချိုး အရွက်တွေချွေတဲ့ ခဏ
သူ့ ခေါင်းပေါ် မျက်နှာချီ….ဝင့်လို့ ဘဝ….
ပန်းဆိုတာ တန်ဆာတဲ့ချစ်သူ…

အိမ်ရှင်မတစ်ယောက်ရဲ့……………
အရွယ်ညီချိုးပါလို့  သုံးအိုးရယ်စီကာ ခစား
သူက..ဘုရားပုထိုးရဲ့ရှေ့တော်ပြေးပေါ့

commentinfo By: zawthetoo at Feb 18, 2013
Comment #5

ကျေးဇူးပါဗျာ…..

commentinfo By: thahanthit at Mar 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment