Professional Authors

ဆောင်း (စိုင်းဝင်းမြင့်)

ရေခဲမြစ်က
အရိုးအဆစ် ဆက်ထားတဲ့နေရာမှာ။

တစ်မနက်ခင်းလုံး
စစ်တုရင်အကွက်တွေပဲ ရွှေ့နေလေရဲ့
နှင်းတွေ။

ပြတင်းပေါက်မှာ
သစ်ရွက်ကြွေသစ်ကိုင်း
ကုန်လွန်ခဲ့သော နေ့ရက်တွေအတိုင်း
ပေါ့ဆလို့ …

ဒီတစ်နှစ်လည်း
ဒီလိုဖြစ်ရတယ်
မျက်ရည်
သူစိမ်း
စိတ်နှင့်သက်ဆိုင်သော ဂျပ်(ဇ်)
တစ်ခုခုကို ပြောခဲ့မယ်
ဘာမှ မပြောဖြစ်ူး။           ။

စိုင်းဝင်းမြင့်

Comment #1

ရေခဲမြစ်က
အရိုးအဆစ်ဆက်ထားတဲ့နေရာမှာ။
ဆောင်းကိုချစ်တယ်
ဆောင်းကိုကြောက်တယ်
ဆရာ့စာသားတွေက ဆောင်းလိုပဲ။

commentinfo By: အောင်ကျော်ထက် at Jun 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment