Professional Authors

ပျော်ပါစေ ရည်ရွယ်ရင်း

အတ္တတွေနဲ့ပူလောင်မယ့် အချစ်ကို

ငါတကယ် မလိုချင်တော့ပါဘူး….

သေချာတာတစ်ခုအတွက်တော့

မရေရာတာတွေကို ခဏမေ့ထားလိုက်ချင်တယ်….။

ဒီလိုပါဘဲ…

ဒီလိုပါဘဲနဲ့စတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ

ချစ်သူမျက်ရည်တွေကို

မုန်းတီးမိသူတစ်ယောက်အနေနဲ့တော့

ရင် ကွဲ ပက် လက် ဆိုတာ

မှောက်ရက် အိပ်လိုက်ဖို့ဘဲတတ်နိုင်ခဲ့တာပါ။

ငိုပါ ….. မတားဆီးနိုင်တဲ့ခဲ့ မျက်ရည်တွေ

….. ပြီးတော့….. နာကျင်ပါ…

ငါ့အတွက်မဟုတ်တဲ့

နာကျင်မှုမျိုးနဲ့ ကြေမွနေတဲ့ အသည်းကို

ဘယ်လိုစကားလုံးမျိုးက

လတ်တလော ဖြေသာစေမှာတဲ့လည်း…

ပြောပါ…. ခါးသီးစရာအတိတ်တွေအကြောင်း

အဲ့ဒီနေရာလေးမှာ

ပျောက်ဆုံးသွားတဲ့

နင့်ယုံကြည်မှုတွေရှိတယ်….

ဆုံးရှံးသွားတဲ့

” နင်” ဆိုတဲ့ နာမ်စားလေးတွေရှိတယ်….

ကြေမွသွားတဲ့

ဖြစ်တည်မှုအပိုင်းအစတွေရှိတယ်….

ဘယ်တော့မှ မကုန်ဆုံးနိုင်မယ့်

နင့်နာကျင်မှုတွေရှိတယ်….

————————-

“ပျော်ပါစေချစ်သူ”

နင်ပျော်မှဖြစ်မယ့်

ငါ့အနာဂတ်မှာ

နင့်အတိတ်တွေကို မပါဝင်စေချင်ဘူး

နင်ရယ်ပါ….. နင်ပြုံးပါ…. နင်ပျော်ပါ

နင်မဟုတ်တဲ့ အခြားတစ်ယောက်အကြောင်းကို

စိတ်လိုလက်ရ ငါပြောပြတဲ့အခါ

နင် အ သဲ ကွဲ ပါ ။

ငါမဟုတ်တဲ့ သူစိမ်းတစ်ယောက်ကြောင့်

နင် နာ ကျင် နေ ရ တဲ့ အခါ

ငါ့ ရင် ဘတ် ကြီး တစ် ခု လုံး စုတ်ပြတ်ကာ

ငါ အ သဲ တွေ ကွဲ ပါ တယ် ။

အတုံ့အလှည့်ဆိုတဲ့

ဝေါဟာရကို ငါတကယ်ကြောက်ပါတယ်။

နင်မယုံကြည်တဲ့ငါ့မှာ

နင်ရယ်ပြုံးဖို့ အတတ်တွေရှိတယ်

ခပ်ညံ့ညံ့စုန်းတစ်ကောင်အဖြစ်နဲ့

နင်လက်ခံပါ။

နင့်ကိုပြုစား

နင်ရယ်ပြုံးနေတဲ့အခါ

ငါတကယ်ရူးမတတ်ခံစားရပါတယ်။

ဒါပဲကွဲ့….တကယ်တော့

အချစ်ဆိုတဲ့အရာက

သူပျော်ပါစေ ရည်ရွယ်ရင်း……ရည်ရွယ်ရင်းနဲ့………. !_!

မာန်ခက်ဝင့်

15.Feb .2013

In: ကဗျာ Posted By: Date: Feb 15, 2013
Comment #1

really nice.
so much touching.
i love this sweet excellent creation.
all title poems sentences & words hit to my heart directly.

commentinfo By: ei lay at Feb 15, 2013
Comment #2

ကျေးဇူးဗျာ ကဗျာလေးတိုက်ဆိုင်နေလို့ 

commentinfo By: အသဲကွဲ မိုး at Feb 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment