Professional Authors

တည်ကြည်လွဲ ဒိုင်ယာရီ

” မမိုး ကျွန်တော် သိချင်တာလေး တခုရှိလို့ ဗျာ မမိုးကလည်း computer  တက္ကသိုလ်ကြီးက ပြီးတာဆိုတော့လေ”
“အင်း…မေးလေ”
” Feedback ဆိုတာ ဘာလည်း ခင်ဗျ”
” ……. Feedback ဆိုတာက ဗျာ ….. Feed ကိုတော့ သေချာမသိဘူးဗျ
computer term အနေနဲ့လေ… ဒါပေမယ့် Back က
နောက်ဆုတ်တာဆိုတာသေချာတယ်…အဟဲ Feed နောက်ဆုတ်သည်ပေါ့”

 “ဟို ကျွန်တော်နားမလည်သေးဘူး”

 “FEED ဆိုတာက ဗျာ  အင်း……..ခွံကျွေးတာဗျ.. BACK ဆိုတာက နောက်ကြောင်းပြန်လှည့်တဲ့အခါမျိုး သုံးတာပေါ့
အာ့တော့ FEEDBACK ဆိုတာ နောက်လှည့်ပြီး ခွံ့ ကျွေးလိုက်တာမျိုးပါ”

 

“ဘာာာာာာာာာာာာ”

 

” ကျွန်တော် သိပ်မအားလို့ ဗျာ အလုပ်လုပ်လိုက်ဦးမယ်နော်”

 

…………………………………………………………………………………

 “မမိုးရေ … ကျွန်တော် ပြောမယ် ပြောမယ်နဲ့မပြောဖြစ်သေးတာ

ကျွန်တော် သတိထားမိနေတာကြာပြီဗျ “
” ဘာများလည်း မသိဘူးနော် အကိုပြောပါ”
” သြော်ဒီလိုပါ …. ကျွန်တော် မမိုး ကွန်ပျူတာကနေ
အလုပ်ကိစ္စ ဖိုင်တွေ ယူတိုင်း ယူတိုင်း stick မှာ VIRUS ပါပါလာတယ်ဗျ ..
တခါလည်း မဟုတ်တော့ဘူး …  အဲဒါ မမိုး VIRUS မသတ်ဖူးလားဗျာ”

 “ဟို … ကျွန်တော် က ငါးပါးသီလထဲမှာ ပါဏာတိပါတာ ကံကို အတော် ကြောက်တာဗျ”

 ” အမ်… ဘာဆိုင်လို့ လည်း ခင်ဗျာ VIRUS သတ်တာနဲ့ ပါဏာတိ ပါတာ??”

 ” ဟ၀ှါ …. VIRUS သေသွားရင် ပါဏာတိပါတာ ကံများ ထိုက်မလား လို့ လေအဟီး။။။။။။။။။။။။”

………………………………………………………………………………….

” မမ မိုး … နေပြည်တော်မှာ ဆင်ဖြူတော်ရှိတယ်ဆိုတာ ဟုတ်လားဟင်”
” အင်း ..သုံးကောင်လားမသိဘူးရှိတယ်လို့ တော့ကြားဖူးတယ်…ဘာလို့ လည်း ညီမလေး”
” သမီး ကြည့်ချင်တယ် … လိုက်ပြ”
” အာ…နေပြည်တော်ဆိုတာချက်ချင်းသွားကြည့်လို့ ရလောက်အောင်နီးတာမျိုးမှမဟုတ်တာ”
” မရဘူး…. ခုကြည့်မယ် ခုပဲ ဆင်ဖြူကိုကြည့်မယ် ခုပြ …ပြ၀ူးဆို ငိုမယ်”
“ဟာ …. ကျွတ်…ခက်တာပဲ ..ကဲခဏလေး အွန်လိုင်းပေါ်ကနေရှာပေးမယ်”

_ _ _ __ _ __ _ _ ” ကဲ ကြည့်တွေ့လား သုံးကောင်”
” အင်း … တွေ့တယ်… အမ်.. မမ … ဆင်တွေက ဖြူလည်းဖြူပါဘူး ညိုတိုတိုကြီးတွေ
လိမ်တယ် လိမ်တယ် ဘူတွေကလိမ်တာလည်း မတိပေမယ့် လိမ်တယ် ..ဖြူလည်းဖြူဝူး”

” ကတောက် !!!! ကိုယ့် ဆရာ့ဆရာ ကြီးတွေ က ဖြူတယ်ဆိုဖြူလိုက်ပေါ့ တယ် ငါရိုက်ပလိုက်ရ
ဒီမှာ …. နေပြည်တော် ရဲ့ သင်္ကေတက ပူလောင်တာ.. ခု နေပူတော် လို့  လူတိုင်းသိနေပြီ
ဒါကြောင့် အာ့မှာ နေနေရတဲ့  ဆင်ဖွေးဖွေးလှုပ်တွေကလည်း အတားမည်းသွားတယ်…ကဲ ..သိပြီနော်”

” သြော်….. ဟုတ်မယ်နော်…. အင်းပေါ့လေ …သူတို့ က LOTION မှမလိမ်းရတာ တနားပါတယ် ဆင်ဖြူလေးတွေ”
……………………………………………………………………………..

In: ကဗျာ Posted By: Date: Feb 15, 2013
Comment #1

ဟိုက်…. မမိုး…ကတော့ လုပ်ပြီ….ဗျာ… 😀

commentinfo By: 13th at Feb 15, 2013
Comment #2

he.he.
ha.ha.
အရမ်းချစ်ဖို့ကောင်းတယ်မမိုး
ပျော်စရာလေးရေးပေးတဲ့အတွက်

commentinfo By: ei lay at Feb 15, 2013
Comment #3

အိလည်းဘာမှတတ်ဘူး
😛
မမိုးထက်တောင်ပိုဆိုး

commentinfo By: ei lay at Feb 15, 2013
Comment #4

ဖတ်ရှုမိသွားပါကြောင်း…… 🙂

commentinfo By: moehtetaung18 at Feb 15, 2013
Comment #5

အားပေးသွားပါသည်။

commentinfo By: အရိပ် at Feb 15, 2013
Comment #6

ဟာ အကောင်းမှတ်လို့ဖတ်နေတာ အစ်မတော်မိုးက လျှောက်နောက်နေတာကိုး ဂယ်ပဲ လူကြီးတွေကို နောက်ရှရာလား ~~

With respect,
RAY

commentinfo By: X - ray at Feb 25, 2013
Comment #7

ဟုတ်ကဲ့

ကျွန်တော် တည်ကြည်မိုးပါ..
လူကြီးမင်းတို့ ရဲ့ comment များအတွက် ကျေးဇူးအထူးတင်ပါကြောင်းပါ…

ဒါပါပဲ
ဂွတ်… 😛

commentinfo By: အသဲကွဲမိုး at Feb 25, 2013
Comment #8

this poem ever make me smile

commentinfo By: ei lay at Feb 25, 2013
Comment #9

🙂 9 lauk shi tal bya

commentinfo By: mankhat wint at Feb 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment