Professional Authors

သူမ

သူမ
…….

“ဆောခရတ္တိသည် အရပ်ပုသည်…
အာရှတိုက်သားများသည်လည်း အရပ်ပုသည်…
ထို့ကြောင့် ဆောခရတ္တိသည် အာရှတိုက်သားဖြစ်သည်…”

ဒီလို ယုတ္တိဗေဒမျိုးနဲ့တော့
ငါ့ကို လာမချည်နဲ့…..

ဘယ်အကိုင်းမှာ နေရမယ်ဆိုတာ
ငါသိတယ်..

မင်းနဲ့ပတ်သက်ပြီး
ဘယ်လိုအသံထွက်ရမယ်ဆိုတာ
ငါနားလည်တယ်…

မင်းက ရယ်စရာတော့ကောင်းတယ်…

ပစ်တုန်းကတော့
လမ်းမပေါ်အသေအချာပစ်ထားခဲ့ပြီး....
ငါကောက်ယူနမ်းမယ်ကျမှ
ဒါဟာ ..ကျွန်မပန်းပါတဲ့….

အချစ်ဆိုတာ…
ကလေးကစားစရာလို
အခု မယူတော့ဘူး
ရော့…လို့
ပြန်ပေးလိုက်ပြန်ယူလိုက်လုပ်လို့ကောင်းတဲ့အရာမှမဟုတ်တာ…

သိထားဖို့က
ငါက
ရေနဲ့လည်ပတ်နေတဲ့ကောင်ဟုတ်ဘူး
သွေးနဲ့လည်ပတ်နေတဲ့ကောင်….

ချစ်တတ်တယ်
ပြီးတော့
မုန်းတတ်တယ်…

In: ကဗျာ Posted By: Date: Feb 15, 2013
Comment #1

အချစ်ကဗျာ…

commentinfo By: kyawsanoo at Feb 15, 2013
Comment #2

😛
ပလုပ်တုတ်
ကြောက်စရာကြီးပါလား
ဟီးဟီး

commentinfo By: ei lay at Feb 15, 2013
Comment #3

မရယ်ပါနဲ့

commentinfo By: kyawsanoo at Feb 19, 2013
Comment #4

ဟီးဟီး
နည်းနည်းလေးပဲရယ်မယ်နော်
plzzzzzz
😛

commentinfo By: ei lay at Feb 19, 2013
Comment #5

ခေါင်းစဉ်နဲ့အံမကျသလိုပဲ။
ကဗျာလေးကိုသဘောကျတယ်။
အားပေးလျှက်ပါ။

commentinfo By: miss tower at Feb 19, 2013
Comment #6

ရယ်ကြပါ..

commentinfo By: kyawsanoo at Feb 19, 2013
Comment #7

စတာပါ
ပျော်သွားအောင်လို့
smile
smile

commentinfo By: ei lay at Feb 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment