Professional Authors

လက်တကမ်းပါ..

မျက်ရည်လွယ်တယ်လို့
မပြောပါနဲ့ဟာ
နင်နဲ့သာ ဝေးရမယ်ဆိုရင်
တွေးမိတာနဲ့တင်….၀မ်းနည်းမှူတွေနဲ့ 
မြစ်ဖျားခံလာလို့ပါ

အစွဲလန်းကြီးတယ်လို့
မဆိုပါနဲ့ဟာ
ငါနင့်ကို စချစ်ကထဲက
မေ့ပစ်ဖို့မှ မဟုတ်တာကို

မဖြစ်နိုင်ဘူးလို့
ဘယ်တော့မှ မထင်ပါနဲ့ဟာ
အချစ်ဆိုတဲ့ ဆန္ဒတစ်ခု ရှိနေရုံနဲ့
နင်နဲ့ငါ့ကြား
မိုင်ပေါင်း ကုဋေဝေးနေအုံးတော့
ဆုံဆည်းခွင့်ဆိုတာ
လက်တကမ်းမှာ…ရှိနေမှာပါ
ချစ်တဲ့သူ……..

In: ကဗျာ Posted By: Date: Feb 12, 2013
Comment #1

million thx
billion thx
trillion thx
plx let me copy

commentinfo By: ei lay at Feb 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment