Professional Authors

ကြင်နာပါကွယ် စုန်းမရယ်

မင်းအတွက်ဆိုပြီး ပျိုးထားတဲ့ 
အနက်ရောင်နှင်းဆီခင်းလည်း
ကြယ်တွေသာကြွေသွားခဲ့ မယ်…
မင်းကိုဆက်သခွင့်မရခဲ့ဘူး…။

မင်းအတွက်ဆိုပြီး တည်ဆောက်ထားတဲ့
စိတ်ကူးယဉ် ကမ္ဘာငယ်လေးလည်း
ငါသာမြေမြုပ်သွားမယ်
အတူနေထိုင်ဖို့ ပါမစ်မကျသေး…။

မင်းအတွက်ဆိုပြီး ရေးထားတဲ့
ကဗျာလေးတွေ
ဖုန်တွေလူး ၊အင်းဆက်တွေကိုက်နဲ့ 
အရာသာပျက်ယွင်းသွားမယ်
နင်နားမလည်ခဲ့ဘူး…။

မင်းအတွက်ဆိုပြီး ရေးထားတဲ့
သီချင်းတွေ
ကာရံတွေထပ် ၊ သံစဉ်တွေထပ်နဲ့ 
ဂစ်တာကြိုးတွေသာပျက်သွားမယ်
မင်းကတော့လက်ခုပ်တီးဖို့ စိတ်မပါခဲ့ဘူး…။

ငါနင့်ကိုစိတ်နာတယ်…

ငါနင့်ကိုမုန်းတယ်…

ငါ့အတွက်နင်မကြည့်ဘူးလို့ ထင်လာတယ်…။

တာ့တာ
ကျောခိုင်းသွားတော့မယ် ဆိုမှပဲ
ဓားနဲ့ ပေါက်တယ်…။
မေ့ပစ်လိုက်ပြီဆိုမှပဲ
အတွေးတံခါး လာ လာ ခေါက်တယ်..။
နှုတ်မဆက်ချင်တော့ဘူး
ပြောနေကျ ချစ်တယ်ဆိုတဲ့စကား
မပြောချင်တော့ဘူးဆိုမှပဲ
မင်း လာ လာ ကညော့တယ်…။

နင်ဟာစနိုးဝှိုက်ထဲက စုန်းမ
အဆိပ်သင့်ပန်းသီတစ်လုံး
ငါ့ကိုကျွေးထားတယ်
နင့်ရဲ့ အချစ်နဲ့ ပဲ
ငါပြန်လည်ရှင်သန်နိုင်တော့မယ်
ကြင်နာပါကွယ် စုန်းမရယ်…။

In: ကဗျာ Posted By: Date: Feb 12, 2013
Comment #1

ဟီးဟီး
အဟက်
အဟက်
😛

commentinfo By: ei lay at Feb 12, 2013
Comment #2

ရက်ရက်စက်စက် စုန်းမ တဲ့
ချစ်စနှိုး နဲ့ပြောတယ်လို့ ထင်ပါတယ်
😛
စုန်းမကိုချစ်တဲ့သူ့ ဘယ်လိုခေါရမလဲဟင်

commentinfo By: ei lay at Feb 12, 2013
Comment #3

စုန်းမရဲ့ ချစ်သူဖြစ်ချင်လို့ ပေါ့ 😀
သိပ်ချစ်လို့ ချစ်စနိုးနဲ့ ခေါ်လိုက်တာပါ…။

commentinfo By: loafer at Feb 12, 2013
Comment #4

လူလည်မကျနဲ့ကွာ
စုန်းမရဲ့ချစ်သူက စုန်းထီးပေါ့လို့
😛

commentinfo By: ei lay at Feb 12, 2013
Comment #5

စုန်းမတွေ စုန်းထီးတွေပြောနေကြတယ်ပေါ့
လာလေရော့ Expecto Pectronum!!! ဟယ်ရီပေါ်တာရဲ့ ဂါထာနှင့်မန်းပစ်မယ်

commentinfo By: မေပျို at Feb 13, 2013
Comment #6

ဟီးဟီး
😛
ဟုတ်ပတော်
လိုင်းတွေပူးကုန်ပီ

လုံးဝကြောက်ဘူးကွ ချစ်
အရာရာကိုရင်ဆိုင်ပစ်မယ်

commentinfo By: ei lay at Feb 13, 2013
Comment #7

တိန်~~~~
ဟယ်ရီပေါ်တာလား ဟာမွန်နီ လား မမေပျိုက 😀
ဒီက Dean Winchester နော်မှော်တွေလောက်တော့မကြောက်ဘူး 😀

commentinfo By: loafer at Feb 13, 2013
Comment #8

ကြိုက်တယ်ဗျာ။ ဘယ်လိုဖတ်ဖတ် အရသာမပျက်ဘူး။

commentinfo By: အရိပ် at Feb 13, 2013
Comment #9

🙂

commentinfo By: ei lay at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment