Professional Authors

သက်ရှိကဗျာ

ဖြတ်ကျော်ခဲ့ရတဲ့ကာလတစ်လျှောက်
စနစ်ဆိုးရဲ့သားကောင်တွေထဲက သားကောင့်သားကျွန်တော်မှာ
အဖြစ်ဆိုးတွေက အနည်းနဲ့အများ ရှိသပေါ့ဗျာ
စစ်ထိုးမနေတော့ပါဘူး ခေတ်မှီတဲ့သူတိုင်းဒါမျိုးကမကင်းနိင်တော့
ဒီအတိုင်းသာပဲဆက်ကာလျှောက်သွားနေရပေါ့
အရင်အတိုင်းပါပဲလေ သိုသိုသိပ်သိပ်နဲ့ကြေကွဲ
ကျွန်တော်တိတ်ဆိတ်နေခဲ့တာ အနှစ်သုံးဆယ်တောင်လွန်ခဲ့ပေါ့
အဆူညံဆုံးသောအသံများ ကဗျာတွေထဲမှာထည့်သွင်းခံစား
ဒါဟာ ကျွန်တော့်ရဲ့ ပြယုဂ်တစ်ခုဖြစ်စေခဲ့ရ
မကြာလောက်ပါဘူးဗျာ ကဗျာတွေတောက်တောက်နေခဲ့ရတာ
ဒဏ်ရာတွေလောက်တောင်မလောက်နိုင်ဘူး
နှလုံးသားမီးစာလေးခမ်းလုမတတ်ကိုဖြစ်နေရပေါ့ ။

ပြောင်းရွှေ့နှစ်ကြာမျောရင် ကျောက်ရုပ်တစ်ခုတောင်မှ
သူ့မှာ ဟောင်းမြေ့မှု့တွေ တွေ့နိုင်ငဲ့ ………………..
ကျွန်တော်က သက်ရှိကဗျာတစ်ပုဒ်ပါဗျာ
ရပ်ကြည့်နေလို့တော့အမြတ်မရှိနိုင်ပါဘူး
ဖတ်သာကြည့်လိုက်ပါ မိတ်ဆွေတို့ရယ်
ခင်ဗျားတို့ ဟတ်ထိသွားစေရပါမယ်
လက်ရှိဖတ်နေမိတာ ကျွန်တော့်ရဲ့နှလုံးသားတေးသွား
မီးနည်းနည်းတော့များနိုင်တာပေါ့ဗျာ
ရှုးရှုးရှဲရှဲနဲ့ အလူးအလဲတွေမြင်နိုင်သလို
ထူးထူးကဲကဲကျွန်တော်ရူးခဲ့တာတွေလဲတွေ့နိုင်ပါရဲ့
သို့ပေမယ့် အထူးတလည်ဖတ်ရလောက်အောင်
ထူးရှယ်ကဗျာတစ်ပုဒ်တော့မဟုတ်နိုင်ဘူးပေါ့ဗျာ
ခင်ဗျားတိုကြိုက်သလို ဝေဖန်နိုင်ပါတယ်
ဒါပေမယ့် ကျွန်တော့်ရင်ကိုစူးခနဲ ဖြစ်စေခဲ့တာတော့ ၀န်ခံလိုက်ပါတယ်ဗျာ
ဆက်ရန်မရှိစေရ ထပ်မံပြောကြားလိုတာက
အသစ်တစ်ဖန်ဘ၀မှာ အစစ်တွေသာဖန်တီးနိုင်တဲ့
သက်ရှိကဗျာတစ်ပုဒ်သာဖြစ်ပါစေသားရယ် ။             ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Feb 11, 2013
Comment #1

yes… so lively poem bro

commentinfo By: မေပျို at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment