Professional Authors

ဒီလိုပါပဲလေ …

ဒီလိုပါပဲ ..
လှည့်ထွက်ခဲ့ရုံလေး
ငွေတွေ၊ ဂုဏ်တွေ ကတဲ့ပွဲမှာ
မေတ္တာနဲ့သာ ဖျော်ဖြေချင်သူ ငါ ဖြစ်နေတာကိုး ။

ပြောကြပါစေ …
ဂျပိုး ကို လိပ်ဖြစ်အောင် လုပ်နိုင်တဲ့ခေတ်ကြီးမှာ
ငါကတော့ ဒေါင်းယောင်ဆောင်တဲ့ ကျီး မဖြစ်အောင် နေတတ်သူမို့ပါ ။

ဖြေရှင်းချက် မပေးတာမဟုတ်ခဲ့ပါဘူး..
အချိန်ဆိုတာ ကျော်ဖြတ်ပြီးသွားရင်
အားလုံးကို သိရှိသွားကြမှာလေ ..
ဒီ့အတွက် ငါ တကူးတက လုံးလမစိုက်ခဲ့တာပါ ။

ကိုယ်ကျင့်တရားကို မြတ်နိုးတာ၊ တန်ဖိုးထားတယ်ဆိုတာ
ငါ့အတွက် ပါးစပ်ဖျားမဟုတ်ခဲ့တော့လည်း
ငါ ယုံကြည်ရာ ငါ့ နှလုံးသားမှာပဲပေါ့လေ ။

ဒီလိုပါပဲ .. ငါကတော့
မေတ္တာကို မိုး .. စေတနာကို စီး ပြီး
ငါ့လမ်း ငါ ဆက်လျှောက်သွားရုံလေးပါ ။

ပန်းအိ
(09 February, 2013) (9း42 AM)

In: ကဗျာ Posted By: Date: Feb 9, 2013
Comment #1

🙂

commentinfo By: ei lay at Feb 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment