Professional Authors

ကျမ ကို ကော်ဖီ ဖျော်ခိုင်းပါ

ကျမ ကို ကော်ဖီ ဖျော်ခိုင်းပါ

 

ရှင် အခု ဘယ်မှာလဲ ဆိုတဲ့မေးခွန်းတွေ ကျမလက်တွေက အော်နေတာ ကြားရဲ့လား

ကျမ ရက်ပေါင်းများစွာ လေတွေတက်နေတယ်

ချဉ်စုတ်စုတ်အနံ့တွေ စူးရှရှအလင်းတွေ

စပ်ဖျဉ်းဖျဉ်း ဒရွတ်ဆွဲမှု့တွေ…

ကျမမျက်လုံးတွေဟာ ရှင့်မိုးစက်တွေ အကြောင်းကြားဖို့ကို မျှော်လင့်နေကြရဲ့…

မဟုတ်ကဟုတ်က ဖြစ်ဖြစ် ဟုတ်ကဟုတ်က ဖြစ်ဖြစ်

စားလုံးတွေရဲ့ စီရင်မှု့မှာ ရှင့်အခန်းကြီးကျမမြင်နေရပြီး

ကျမရိုးသားခဲ့ပါတယ်ဆိုတာကို ရှင့်နား နားကပ်ပြီး တိုးတိုးလေး အော်ပါရစေ

ရှင့်ဂစ်တာလေးမှာ ကျမအတွက် နှုတ်ခမ်းမွှေးတိုစစလေးထားပေးပါ…

ရှင်ဟာ ကျမကို နိုးထစေတဲ့ စိတ္တဇသီချင်းလေး တစ်ပုဒ်လည်းဖြစ်ရဲ့…

တစ်နှစ်ထက်တစ်နှစ် ရှင်ဟာပိုမိုနုပျိုလာရင်းနဲ့ ကျမကိုအိုမင်းစေတယ်

ကျမရှက်လည်းရှက်ပါတယ် ကျမရှင့်အိမ်က ခြေသုတ်ခုံလေးကိုပြန်တောင်းပန်ချင်နေတယ်

ကျမကိုက်ခဲမှုတွေ ဖုန်ထူညစ်ပတ်ကြယ်တွေ… ရှင့်ရဲ့ အစိမ်းရောင်ဖြစ်မှုတွေနဲ့မှ

အော်ဟစ်ချင်ပေမယ့် ကျမရှင့်ရဲ့သေမင်းအဖြစ်ပဲ လိုချင်တယ်…

Give me NOVAICANE…

ကျမရှင်နဲ့တွေ့ရင် ပြောမှာပါ

ကျမကို ကော်ဖီဖျော်ခိုင်းပါ

 

 

Give me novaicane… song of greenday

 

မြေနံ့

၂၄/၁/၂၀၁၃

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

r lar larr

commentinfo By: ei lay at Feb 7, 2013
Comment #2

မအိလေးလိုပဲအော်ပါရစေနော်

commentinfo By: မေပျို at Feb 7, 2013
Comment #3

:))))

commentinfo By: sofarawayfromyou at Feb 8, 2013
Comment #4

ရေးသားပုံကို ကြိုက်မိတယ်ဗျာ။ အားပေးပါတယ်

(ရစ်လုံး)

commentinfo By: yit lone at Feb 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment