Professional Authors

သတိရခြင်း အခမ်းအနား(၈)

ဒီမှာ..အိန်ဂျယ်
သတိရခြင်းတွေလည်း ခမ်းနား
ရာသီဥတုလည်း ဖောက်လွဲဖောက်ပြန်
သိုဝှက်ထား အလွမ်းတွေ သိုးကုန်တော့မယ်။

အချစ်တွေက အခုထိ ခမ်းခမ်းနားနား
ငါ့ဆီခြေဦးလှ့ည် ပြန်လာဖို့ ငါ… အနူးအညွှတ်တောင်းပန်

ရံဖန်ရံခါ ငါ့ရင်ဘတ် တစ်ခြမ်းက ဒဏ်ရာ
ထ ထ ဖောက်တတ်သလို
နှလုံးသားက တဖြည်းဖြည်း အို လာ
ယောက်ျားတန်မဲ့ မျက်ရည်မိုးတွေ ပြိုကျ
တစ်ရက်ပြီးတစ်ရက် အကျည်းတန်လာ
နေ့..ရက်..လ…နှစ်တွေသာ ကြာ ညောင်း
မဟောင်းမနွမ်း အချစ်တွေနဲ့သာ
မင်းကို မျှော်နေဆဲပါ..

ပတ်ဝန်းကျင်က သြ ချ ရလောက်အောင်
ဒီမှာ သတိရခြင်းတွေ
ခမ်းနားနေတုန်း….။
(ယောကျာ်းတန်မဲ့ မျက်ရည်မိုးတွေ ပြိုကျ = အလွန်အကျူးရေးဖွဲ့)
ကတုံးလေး

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

it’s ok.
yout kyar le lu be lae
myat yae kya tat hmar pop

commentinfo By: ei lay at Feb 7, 2013
Comment #2

အလွန်အကျူးရေးဖွဲ့တော့လည်း အလွန်အကျူးခံစားရတာပေါ့ဗျာ ကဗျာကောင်းလေး..ကိုအားပေးပါတယ်

(ရစ်လုံး)

commentinfo By: yit lone at Feb 8, 2013
Comment #3

a yann ta ti ya nay par de

commentinfo By: ei lay at Feb 9, 2013
Comment #4

ရင်မှာသတိရခြင်းတွေနဲ့ ပဲအစပြုခဲ့ပြီ

commentinfo By: myintzaw at Feb 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment