Professional Authors

ငါး

ရှင်တို့ကျွန်မကို အဲလိုကြီးစိုက်ကြည့်မနေနဲ့လေ ။

ကျွန်မထိုင်ရင် ထိုင်ပြန်ပြီ .။ ကျွန်မထရင် ထပြန်ပြီနဲ့

ရှင်တို့ကျွန်မကို အဲလိုကြီးမျက်စိဒေါက်ထောက်ကြည့်နေတော့

ကျွန်မအသက်ရှုရခက်တာပေါ့

ဘာလဲ ကျွန်မအသက်ရှုပုံရှုနည်းကိုပါ စိတ်ဝင်စားနေတာလား . . .

 

ရှင် ကျွန်မကို အဲလိုကြီး စိုက်စိုက်မကြည့်ပါနဲ့ဆို ။

ကျွန်မက ခလုတ်တစ်ခု ။ ရှင့်ကိုလမ်းတစ်ခု ခင်းပေးထားခဲ့တယ် ။

ရှင်လည်းသာမန်ယောက်ျားတစ်ယောက်ရဲ့အတွေးထက်မပိုပါလား ။

ဒီလမ်းကိုဒီလိုခင်းပေးရင် လမ်းရိုးလေး အတိုင်းတလိမ့်လိမ့်နဲ့ဝင်လာတော့တာပဲ ။

ကဲ ဘယ်လိုလုပ်မလဲ အဲဒီလမ်းထဲမှာ ခု ရှင်တစ်ယောက်တည်း ။

ကျွန်မသိပ်ရယ်ချင်တာပဲ ။ ကျွန်မသိပ်ရယ်ချင်တာပဲ။ ကျွန်မသိပ်ရယ်ချင်တာပဲ ။

ရှင်ဘာဆက်လုပ်မလဲလို့ စောင့်နားထောင်နေတော့ ရှင်မလှုပ်ရဲတော့ဘူး ။

 

ရှင်တို့ကျွန်မကို အဲလိုကြီးမျက်စိဒေါက်ထောက်ကြည့်နေတော့ ဘယ်ကောင်းမလဲ ။

ကျွန်မ ရှင့်ကိုပြောခဲ့ဖူးပါတယ် .  .  ။ ကမ္ဘာကြီးလည်နေတယ်ဆိုတာ ရှင် နဲ့ ကျွန်မ ကွဲဖို့ပါလို့ . .  

ကျွန်မပြောခဲ့တုန်းက ရှင်မယုံခဲ့ဘူးမဟုတ်လား ။

အခုတော့ ရှင် အညာမိနေပြီ .  .  ကျွန်မရဲ့ ရိုးသားဖြူစင်တက်ခြင်းမှာ .  . 

ကျွန်မရဲ့ ခွင့်လွှတ်တက်ခြင်းမှာ ရှင်အကြီးအကျယ် ငြိစွန်းနေပြီ ။

 

ရှင်တို့ကျွန်မကို အဲဒီလိုကြီး စိုက်ကြည့်မနေနဲ့လေ ။

ကျွန်မတို့ အသက်ရှုပုံခြင်းမှ မတူတာ .  .  သွားတဲ့လမ်းလည်းမတူဘူးပေါ့ .  . ။

 

ရှင် ကျွန်မကို အဲလိုစိုက်ကြည့်နေတော့ ကျွန်မရယ်ချင်တာပေါ့ ။

ကျွန်မရဲ့သိမ်ငယ်တက်မှုဆိုတာကို ရှင် ယုံပြီမဟုတ်လား ။

ကျွန်မရဲ့ရှုံးနိမ့်တက်မှုကို ရှင်လိုချင်တာမဟုတ်လား ။

ကျွန်မအခုအရာရာမှာရှုံးနိမ့်သွားပြီ . . ရှင်ပျော်/ရယ်ပါ ။

ကျွန်မရဲ့နာကျင်မှုတွေကို ရှင်တို့သိပ်လိုချင်နေတယ်ဆိုရင်

အခုကျွန်မနာကျင်မှုတွေထုပ်ပိုးပြီး လက်ဆောင်အဖြစ်ပို့ပေးလိုက်မယ် ။

 

ရှင် ကျွန်မကိုအဲလိုစိုက်ကြည့်မနေနဲ့လေ ။

ကျွန်မက မိန်းမတစ်ယောက်ပဲ . .

ကျွန်မရဲ့ ဖြစ်တည်မှုဟာ မိန်းမဆိုတာ ရှင်တို့မေ့လျော့ကုန်ပြီနဲ့တူတယ် ။

 

ရှင် ကျွန်မကို မျက်လုံးတွေထဲ မီးတောက်ထည့်ပြီး စိုက်စိုက်ကြည့်တော့ ကျွန်မပူလောင်တာပေါ့ ။

ရှင် ကျွန်မကို အဲဒီလိုကြီး စိုက်စိုက်ကြည့်မနေပါနဲ့ ။

ရှင် ကျွန်မကို အဲဒီလိုကြီး စိုက်စိုက်ကြည့်မနေပါနဲ့ ။

ရှင် ကျွန်မကို အဲဒီလိုကြီး စိုက်စိုက်ကြည့်မနေပါနဲ့ ။

 

 

မိငြိဏ်းခက်

 

 

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

ကျွန်တော်စိုက်မကြည့်ဘူးနော်
ခံစားပြီးတော့ပဲ ဖတ်သွားတယ်ဗျာ… 🙂

commentinfo By: loafer at Feb 7, 2013
Comment #2

pyan kyi pyit like pop loh.
he.he.
ei ka dot ma kyi bu so lone wa ma kyi bu.
kyi me loh sone phyat p yin dot sike kyi pyit like dar be. 😛
(tay char ma myin ya loh)
kwi.kwi

commentinfo By: ei lay at Feb 7, 2013
Comment #3

ကဗျာလေးတကယ်ကောင်းပါတယ်ဗျာ…..
ဒီလိုအရေးအသားလေးတွေဖတ်လိုက်ရတော့ ဘင်္ဂလီစာရေးဆရာကြီး
ရာဘင်ဒြာနတ်တဂိုးရဲ့ကဗျာလေးတွေကိုတောင်သတိရမိတယ်……….
လေးစားစွာဖြင့် အားပေးသွားပါတယ်ဗျာ….။

commentinfo By: moehtetaung18 at Feb 7, 2013
Comment #4

တကယ်ကို ကောင်းပါတယ်အစ်မ
လက်လည်း ငြိမ်လာတယ်
ထိန်းလည်း ထိန်းနိုင်တယ်။

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment