Professional Authors

မှတ်တမ်းထဲက လှိုင်းတစ်ချက်

မှတ်တမ်းထဲက လှိုင်းတစ်ချက်
ပေါ့ပေါ့ပါးပါး ကောင်းကင်ထက်က

နူးညံ့သော တိမ်တိုက်များ

လေရဲ့ စေညွန်ရာကို ရွေ့လျား

တစ်ခုနှင့် တစ်ခု တိုက်ခိုက်မိတော့

ပြိုပျက် လွင့်ပြယ်သွားခဲ့ပြီ….။

လွယ်လွယ်လေး ပြော

လွယ်လွယ်လေး လုပ်

တကယ်ဖြစ်တော့ မသိသလိုနေ

မသိသလို ရှောင်တိမ်း

မမျှတတဲ့ နေ့ညတွေရဲ့

အိပ်ခန်းတွေမှာ အိပ်စက်

အသက်တောင် ပေးဆပ်လိုက်ရတယ်…။

အခုတော့….

ပြီးတော့လည်း ပြီးသွားပြီဆိုတဲ့

နှစ်သိမ့်မှုတွေနဲ့ ဖွင့်ဟလို့

ပြောင်းလဲမှုတွေ ဟန့်တားလို့ မရ

ဝန်ဆောင်မှုတွေ တရွေ့ရွေ့ ကြီးထွား

အကုန်အကျခံမှ အလွယ်ရတဲ့ ပစ္စည်းတစ်ခု

အလွယ်တွေးတော စဉ်းစားမိရင်

လိုက်လျောညီတဲ့ ရာသီဥတုဆိုတာ

ဖြစ်လာမှာတော့ မဟုတ်ဘူးလေ…။

ကြည့်တော့…

သံယံဇာတ ပေါများလို့

ရေချိုတွေက ရေငံတွေဖြစ်

သက်တန့်ရောင် ပျောက်ဆုံးတဲ့နှစ်တွေမှာ

မိုးခေါင် ရေရှားနဲ့ မြေသြဇာ မလုံလောက်လို့

ပိုးကိုက်တဲ့ ပင်စည်တွေ များပြား

သဘာဝသတရားကို အံတုတော့မှာလား…။

ဒါပေမဲ့…

ပတ်ဝန်းကျင်က အပူချိန်တွေ မြင့်တက်

ရေငွေ့ပြန်မှု မြန်ဆန်လာတဲ့

အခြေအနေ တစ်ခုရဲ့ တိုင်းတာမှု ဒီဂရိဟာ

ကမ္ဘာကြီးရဲ့ အခြားတဖက်မှာ ရပ်တည်နေပေမဲ့

ငယ်ငယ်က ကိုယ် ကြည့်ဖူးတဲ့ ရုပ်ရှင်တွေနဲ့

အခု ကိုယ် ကြည့်တဲ့ ရုပ်ရှင်တွေဟာ ပြောင်းလွဲ

ခေတ်ကလည်း ဆန်းပြား နည်းပညာတွေကလည်း တိုးပွား

ချို့ယွင်းချက်များလာသလား မသိ

အခုတော့.. သဘာဝတရား သတိပေးလာပြီလေ..။

သို့သော်…

ဘ၀ဆိုတာ ပင်လယ်က စတယ်

ကိုယ်… ထင်သလို မရတဲ့ တခဏတာတော့

ခင်ရာ ဆွေမျိုး မိန်ရာ ဟင်းကောင်း

အသက်တစ်ချောင်းကို ဝန်ထုတ်ဝန်ပိုးလို သယ်ဆောင်ရင်း

ကံစီမံရာ နောက်ကိုတော့ တကောက်ကောက် မလိုက်သင့်ဘူးလေ…..။

တကယ်တမ်းတော့…

ရေကန် အသင့် ကြာ အသင့်လို့

အပြောတာ လွယ်လိမ့်မယ်

တကယ်လုပ်ကြည့် သိပ်ခက်ခဲလွန်းလို့

အရာအားလုံးက လိုအပ်နေဦးမယ်..

ကိုယ်တိုင် တွေးတော ကိုယ်တိုင် ကြံဆ

ကိုယ့် ဝန်းကျင် ကိုယ့် ဌာန

ကိုယ် တည်ဆောက်တဲ့ ဘဝမှာ

အုပ်ချုပ်မှု အဓိပတိလေးပါးနဲ့

အရင်းတည်ထားပါ…

ကံဆိုတာ အလုပ်…

ဥာဏ်ဆိုတာ မန်နေဂျာ…

ဝီရိယဆိုတာ တခါးစောင့်တဲ့…

မစောင့်ရှောက်တတ်ရင်တော့

လေထုညစ်နွမ်းမှုအောက်မှာ

ရံနံ့ဆိုးတွေ ဖုံးလွှမ်း

အရပ်ရှစ်မျက်နှာ သတင်းတွေက

ဘဝဂ်ထိဆူပွတ် ရိုက်ခတ်လို့

ဘဝကို ကိုယ်တိုင် နိဂုံးချုပ်တဲ့ သူတော့ မဖြစ်စေချင်…။



တက္ကသိုလ်မြတ်မင်း

www.venpunnavamsa2.com

In: ကဗျာ Posted By: Date: Feb 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment