Professional Authors

ဘုရားသခင် ဖန်ဆင်းမှားတဲ့လူ

 

(၁)

နင်ဟာ ပန်းတစ်ပွင့် ဆိုရင်တောင်

ဘယ်တော့မှမခူးဘဲ

ရနံ့အဆင်းနဲ့တင် ရူးသွပ်သွားမဲ့

ဥယျဉ်မှုးဟာ ငါပါ…. အာရီယမ်…။

 

(၂)

ငါနေတဲ့ မနက်ဖြန်တိုင်းမှာ

ပျော်ရွင်ခြင်းတွေ နည်းကျန်လွန်း လှချည်ရဲ့…

မင်းကို တမ်းတမိတဲ့ ငါ့အသံတွေ

ပက်ကြားအက်ရင်ဘတ်ထဲက သယံဇာတတွေဘ၀နဲ့

မလှမပကြီး ခြောက်ကပ် အက်ကွဲနေလိမ့်မယ်…။

တကယ်တော့

မင်းဟာ ငါသီဆိုဖို့ မထိုက်တန်တဲ့

 နတ်ဖန်ဆင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်မှာပါ..။

 

(၃)

ဘုံအဆင့်ဆင့်က မင်းထံ

စောင်းသံတွေ လွင့်ပျံလာကြပြီလား…

အဲဒီလို

မင်းဆီကိုရည်ရွယ်..တဲ့ဂီတချိုချိုများ…ကြားမှာတော့

ငါ့ကဗျာရဲ့ ငိုရှိုက်သံဟာ

နည်းနည်းတော့ နာခါးလိမ့်မယ်..ဆိုတာ

ငါသိပါတယ်….။

 

(၄)

ငါဟာ ချစ်မိသူ….

ရင်ခုန်ခြင်းမှာ ခွင်းလာတဲ့

အစင်းစင်းသောမြားတွေအတွက်..

နာကျင်မှုတွေကသာ ငါ့ကိုရောင်ပြန်ဟပ်တယ်..

အိပ်မက်တွေကို မင်းဝင်လာတိုင်း

ငါ့မှာ ညတာတိုမြဲ…

အဲဒီလို မထိုက်တန်တဲ့ ဘ၀မို့

စကားတွေကိုသာ အဆိပ်လို ပြန်မြိုချနေခဲ့ရတယ်…။

 

(၅)

မြေထက်က တေလေတစ်ယောက်က

ကောင်းကင်ယံကို အိပ်မက်ခွင့်မရှိဘူးလို့ ယူဆရင်..

နင့်နာမည်ကို သတိရတိုင်း မရှုံးချင်တော့ဘူး.. အာရီယမ်

ဆုပ်လို့စူးသွားတဲ့ ငါ့ လက်ဖ၀ါးတွေကိုသာ

ငါ..သတိရတိုင်း ပြန်ပြန်နာ ချင်တယ်….။

 

(၆)

မင်းအတွက်ကောင်းမြတ်ခြင်းတွေအရောက်မှာ

ပေတရာလမ်းမက ငါ့ကို

လွယ်လွယ်လေးဘဲ လစ်လျူရှုလိုက်ကြတယ်.. အာရီယမ်

မင်းကိုဖန်ဆင်းတဲ့ ဘုရားသခင်ဟာ

ငါ့နာမည်ကို ဖန်ဆင်းဖို့ မေ့ခဲ့တယ်..

ခုနှစ်ဆင့်ဆီလှမ်းတက်ရမဲ့ မင်းလှေကားမှာသာ

ငါ့နာမည်ကို နေရာလွတ်မကျန်အောင် ရေးမှတ်သွားခဲ့တယ်..

ငါ့ကို နင်းပြီးတက်စမ်းပါ…အာရီယမ်..။

 ………………………………….

ငါ့ကို နင်းပြီးတက်စမ်းပါ….

ကျေကျေနပ်နပ်ကြီး နင်းသွားပြီးတော့မှ

ဂရုနာသက်တဲ့ မျက်လုံးမျိုးနဲ့

တစ်ချက် ငဲ့ကြည့်ပေးခဲ့စမ်းပါ  အာရီယမ်..

မနက်ဖြန်ဆိုတဲ့ သစ်ပင်

အဲဒီအကြည့်နဲ့ ရှင်အောင်စိုက်ချင်တယ်…

 

(၇)

အဲဒီမနက်ဖြန်ဆိုတဲ့သစ်ပင်ကဘဲ..

မျှော်လင့်ခြင်းတွေသီးပွင့်

နေမမြင့်ခင် ငါအရူးရင့်ရဦးမယ်…ဆိုတာ

ငါသိနေပါတယ်.. အာရီယမ်..။

သိသိကြီးနဲ့ ဇွတ်တိုးဝင်ဖို့ အတွက်နဲ့

ကျောပေါ်က သံယောဇဉ်အရှိုးရာတွေဟာ

မီးစတွေကို ငတ်နေကြတယ်…။

 

(၈)

မနက်ဖြန် ဆိုတဲ့ တစ်ရက်ရက်မှာ

ပိုးဖလံတစ်ကောင်လို

မင်းအပြုံးထဲကို တိုးဝင်သေဆုံးပါရစေ အာရီယမ်..။

 

(၉)

ဘုရားသခင်ဟာ

ငါ့ကို ဖန်ဆင်းမှား ခဲ့တယ်…..။

တကယ်တော့…

ငါ့ခန္ဓာကိုယ်ဟာ

မျက်ရည်တွေကို သရုပ်ပြတဲ့

 ကျောက်ရုပ်တစ်ရုပ်သာဖြစ်တယ်….

မှားယွင်းစွာ

အဲဒီကျောက်ရုပ်မှာ နှလုံးသားတစ်ခုကပ်..

ငါရယ်လို့ သတ်မှတ်ပြီးမှ

မင်း ခြေတစ်လှမ်းနဲ့အသက်ရှုရပ်စေတယ်….

 ငါတို့နှစ်ယောက်ရဲ့ ကမ္ဘာဦးအစမှာတင်

ဘုရားသခင်ဟာ

ငါ့ကို  ဖန်ဆင်းမှားခဲ့တယ်….။

 

(၁၀)

ရုန်းမထွက်နိုင်ဘူး အာရီယမ်..

နွယ်က ငါ့ကိုတွယ်ပြီး..

နွံမှာ ငါကျွံနေခဲ့ပြီ…

ငါမရုန်းတော့ဘူး ကွယ်..

 မင်းငါ့ကို မမြင်ဖို့ဘဲ

ငါခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ၀ှက်နေလိုက်ပါ့မယ်….။

 

(၁၁)

သက္ကရာဇ်တွေပြောင်းတဲ့အခါ..

မင်းနဲ့ ငါ့အကြောင်းကို

ဒဏ္ဍာရီတွေထဲမှာ ပြန်ကြားရပါစေ…

ခေတ်အဆက်ဆက်တိုင်

ငါ့အရှုံးကို လက်ဆင့်ကမ်းလို့..

မျက်ကန်းတစ်ယောက်ဟာ

အလှနတ်သမီးထံမှာ

အဖန်ဖန် ရှုံးနိမ့်နေပါစေ….။

 

(၁၂)

ဘ၀တစ်သက်တာလုံးစာ..အတွက်

နင့်ကိုငါချစ်တယ်ဆိုတာကို

အရှေ့မြို့ရိုးမှာသာ

တိတ်တိတ်ကလေး ကဗျည်းထိုးရဲ ခဲ့တယ်… အာရီယမ်..

(ငါဟာ ဘယ်လိုလူစားလဲ)


နတ်ဖန်ဆင်းတဲ့ သာယာခြင်းတွေထဲကနေ

လိပ်ပြာလေးတစ်ကောင်လို

မင်းရုန်းထွက်လာတဲ့အခါ..

ငါ့ဝါကျများဟာ မင်းကို ပွေ့ဖက်ကြပါလိမ့်မယ်….

သိပ်သေချာတယ်..။


(၁၃)

ဤသို့သာဘဲပေါ့ အာရီယမ်..

မင်းပိုင်စားတဲ့ တိုင်းနိုင်ငံ မှာ

ငါဟာ တေလေကျောင်းသားလေးတစ်ယောက်သာဖြစ်ခဲ့တယ်..

(ဖြစ်ခဲ့ရတယ်) ဆိုတာ…

ကျူရှင်အပြန် ကျောင်းအပြန်မှာ

တိုက်မြင့်ကြီးတစ်ခုဆီ အဖန်ဖန်မြော်ငေးရင်း

အဲဒီ ကျောင်းသားကလေး

ကဗျာတွေ ဖန်ဆင်းထုဆစ်ခဲ့တယ်..ဆိုတာ                      

သူတို့ ပြန်ပြောပြကြပါလိမ့်မယ်…..။


အခုတော့ကွယ်…..

ရွှေရောင်တောက်တဲ့ ဘ၀မျိုးမှာ

ငါ့နာမည်ကို မေ့ထားလိုက်တာကသာ

 အကောင်းဆုံးပါ အာရီယမ်.

အဲဒီတောက်ပမှုတွေရဲ့  အဝေးဆုံးတစ်နေရာမှာ

ပိုးစုန်းကြူးလေးတစ်ကောင်စာမျှ..

ငါ့အလင်းများဟာ မှေးမှိန်လွန်းပါတယ် ….

ဆက်ပြီး မှေးမိန် နေရဦးမှပါ…. အာရီယမ်

 

ငါ့ကဗျာလေးတွေကိုနှစ်သက်ခဲ့ရင်

ကလောင်နာမည်ဝှက်ကိုသာ မြတ်နိုးမိပါစေ..အာရီယမ်

ငါ့နာမည် အမှန်ကို

မင်း…မ….သိ…ပါ…..စေ…..နဲ့……တော့………။

 

(နိဂုံး)

ငါဟာ…

ဘုရားသခင် ဖန်ဆင်းမှားခဲ့တဲ့ ကောင်လေးတစ်ယောက်..

ကျောက်သား မျက်ရည် ကြွေ  ပြဖို့အတွက်

ဘုံခုနှစ်ဆင့်က နင့်ကို

တွေ့

ခွင့်

မြင်

ခွင့်

ခဲ့

လေ

တယ် ။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Feb 2, 2013
Comment #1

တစ်ပုဒ်လုံးကိုကြိုက်နှစ်သက်မိပါတယ်ဗျာ…….
အားပေးနေပါတယ်။
ဒီလိုလက်ရာမျိုးလေးတွေ နောက်လည်းခဏခဏဖတ်ချင်ပါတယ်ဗျာ။

commentinfo By: moehtetaung18 at Feb 2, 2013
Comment #2

R larr larr larrr,,,,

Oh my god,,,,

Tay par p,,,,

commentinfo By: ei lay at Feb 2, 2013
Comment #3

သိပ်ကို ပြည့်စုံပါတယ်ရှင်. တကယ်ကို ခံစားရပါတယ်.

commentinfo By: ရင်ဝှက်ပန်း at Feb 2, 2013
Comment #4

ဟယ်….. မိသံလွင်ကနေ ဘယ်လိုလုပ် အာရီယမ် ဖြစ်သွားတာလဲ…ဟ

ဘာဘဲဖြစ်ဖြစ် ကဗျာကို လက်လန်တယ်ဟာ ….. ဒါဘဲ..

ကြိုက်တယ် …

commentinfo By: သွဲ့သွဲ့ at Feb 2, 2013
Comment #5

Ei le e de Mae khun laee ko maee chin nay tar.
😛

commentinfo By: ei lay at Feb 2, 2013
Comment #6

အားလုံးကိုကျေးဇူးပါခင်ဗျာ.. မေးခွန်းကြီးကိုတော့ မဖြေတတ်ဘူးဗျ… ဒါကြောင့် ရှက်ရှက်နဲ့ မအိလေးလို ပြန်ပြုံးပြလိုက်တယ် 😛

လေးစားလျက်
နိုးဆက် နေ့

commentinfo By: n$n at Feb 2, 2013
Comment #7

မနက်ဖြန် ဆိုတဲ့ တစ်ရက်ရက်မှာ

ပိုးဖလံတစ်ကောင်လို

မင်းအပြုံးထဲကို တိုးဝင်သေဆုံးပါရစေ အာရီယမ်..။

လန်းတယ်နော် .. ဒီကဗျာဆရာရဲ့ ဖန်တီးနိုင်စွမ်းတွေကတော့ လေးစားလောက်တယ်
ထပ်အားပေးသွားပြန်ပီနော် .. ထပ်လည်းအားပေးနေမယ်

commentinfo By: မေပျို at Feb 2, 2013
Comment #8

ကျွန်တော်လည်းအဲ့ဒါပဲသိချင်နေတာ အစကမိသံလွင်ပါ
အခုတော့ အာရီယမ် ဖြစ်သွားပီ
မဖြေတတ်ဘူးလို့ ပြောထားလို့ ထပ်မမေးတော့ဘူး 😀
အရမ်းကောင်းပါတယ် အစ်ကို အားပေးသွားပါ၏….

commentinfo By: loafer at Feb 3, 2013
Comment #9

Ha..ha…
😛
Ko noe sat nae,,Lu le loak ne lay.

Ka byar tway myar myar phan dee phoe a chit tway myar myar htar de htin par ye naw.
A te myar myar Kwe yin le myar myar phan dee naing de so pi kyoe sarr nay pone be.
A hak,,
A hak,,,

😛

commentinfo By: ei lay at Feb 3, 2013
Comment #10

Ka byar sa yar pi ta par pay de shin.
😛
😛
😛

commentinfo By: ei lay at Feb 3, 2013
Comment #11

ဝိုး
ကွန်မန့်ဖတ်လိုက်တာ ငိုတောင်ငိုချင်သွားတယ် မအိလေးရေ…
ဟဲဟဲ…(အာရီယမ်)ဆိုပြီး နည်းနည်းလေး လူလည်လုပ်လိုက်တာပါဗျာ… 😛
အချစ်တွေလည်း များများထားပါဘူးဗျာ.. ဟဲဟဲ…:P
နည်းနည်းလေးထားမိတာ နဲ့ကို စိတ်နာနေလို့ ခက်နေတဲ့ကောင်ပါ…ဟဲဟဲ:P
တကယ်လို့ အသည်းများများကွဲရမယ်ဆိုရင်တောင်
တစ်ယောက်တည်းက ခဏခဏခွဲတာဘဲ ခံချင်ပါတယ်ဗျာ….ဟဲဟဲ..:P

( မအိလေးအပါအ၀င် အားလုံး ကို ကွန်မန့်တွေအတွက် ကျေးဇူးပါဗျ )

ခင်မင်လေးစားလျက်

နိုးဆက် နေ့

commentinfo By: n$n at Feb 3, 2013
Comment #12

Nice answer.
U’ll get what u give
.
I m satisfied with ur clever thoughts.

commentinfo By: ei lay at Feb 3, 2013
Comment #13

ကြိုက်တယ်ဗျာ ကဗျာတစ်ပုဒ်လုံး အစအဆုံး ကြိုက်တယ်
နောက်လည်းအမြဲအားပေးပါမယ်

commentinfo By: thataung at Feb 3, 2013
Comment #14

ရုန်းမထွက်နိုင်ဘူး အာရီယမ်..

နွယ်က ငါ့ကိုတွယ်ပြီး..

နွံမှာ ငါကျွံနေခဲ့ပြီ…

ငါမရုန်းတော့ဘူး ကွယ်..

မင်းငါ့ကို မမြင်ဖို့ဘဲ

ငါခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ၀ှက်နေလိုက်ပါ့မယ်….။

Sooooo Good …. 13th

commentinfo By: thidangenge at Feb 4, 2013
Comment #15

ရုန်းမထွက်နိုင်ဘူး အာရီယမ်..

နွယ်က ငါ့ကိုတွယ်ပြီး..

နွံမှာ ငါကျွံနေခဲ့ပြီ…

ငါမရုန်းတော့ဘူး ကွယ်..

မင်းငါ့ကို မမြင်ဖို့ဘဲ

ငါခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ၀ှက်နေလိုက်ပါ့မယ်….။
Sooooo Good …….13th

commentinfo By: နွေ at Feb 4, 2013
Comment #16

အခုလို ကျွန်တော့ကဗျာလေးကို ချဲ့ထွင်အားပေးလာကြတဲ့ သူငယ်ချင်း အသစ်များအားလုံး ကျေးဇူးဗျာ

commentinfo By: နိုးဆက် နေ့ at Feb 4, 2013
Comment #17

ကြိုက်ရလွန်းတဲ့ ကဗျာ ဒီတစ်ခါတော့ ကူးသွားပြီ တက်ခေတ်

commentinfo By: သွဲ့သွဲ့ at Feb 17, 2013
Comment #18

ကျွန်တော်လည်း ကူးသွားပြီ အကို 13th. အကိုက ငပေါကို ငိုအောင်ရေးတယ်… 🙁

(ရစ်လုံး)

commentinfo By: yit lone at Feb 17, 2013
Comment #19

Feel so sorry. Is it a real story?

commentinfo By: blacksheep at Mar 21, 2013
Comment #20

တကယ်တော့…

ငါ့ခန္ဓာကိုယ်ဟာ

မျက်ရည်တွေကို သရုပ်ပြတဲ့

ကျောက်ရုပ်တစ်ရုပ်သာဖြစ်တယ်….

မှားယွင်းစွာ

အဲဒီကျောက်ရုပ်မှာ နှလုံးသားတစ်ခုကပ်..

ငါရယ်လို့ သတ်မှတ်ပြီးမှ

မင်း ခြေတစ်လှမ်းနဲ့အသက်ရှုရပ်စေတယ်….

commentinfo By: နွေ at Mar 21, 2013
Comment #21

နွေ…နောက်တစ်ခါလာမန့်ထားပါလား….ကျေးဇူးဗျာ အားပေးဆဲဆိုတော့အားရှိဆဲပေါ့ 🙂

commentinfo By: သစ်ခက် at Sep 10, 2013
Comment #22

အဲဒီမနက်ဖြန်ဆိုတဲ့သစ်ပင်ကဘဲ..

မျှော်လင့်ခြင်းတွေသီးပွင့်

နေမမြင့်ခင် ငါအရူးရင့်ရဦးမယ်…ဆိုတာ

ငါသိနေပါတယ်.. အာရီယမ်..။

commentinfo By: ppaung at Sep 10, 2013
Comment #23

မနက်ဖြန်ဆိုတဲ့ သစ်ပင်

အဲဒီအကြည့်နဲ့ ရှင်အောင်စိုက်ချင်တယ်…

Cooooollllllllllll 🙂

commentinfo By: Wa Na at Sep 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment