Professional Authors

မုန်းဖို့ကောင်းတဲ့ သံယောဇဉ်ကြိုး

ချစ်သူ……
မမြင်နိုင်တဲ့ကြိုးတစ်ချောင်း ရင်မှာငြိတွယ်နေတယ်
အခိုင်မာဆုံးကြိုးပါ၊ ဘယ်လိုမှဖြတ်တောက်လို့မရနိုင်တဲ့ကြိုးပေါ့…
ဂုဏ်တွေ၊ ငွေတွေနဲ့လည်း ဖြတ်လို့မရနိုင်ဘူးလေ….
မှတ်မိသေးလား နင်နဲ့ငါစတွေ့စဉ် နင်ချည်ပေးလိုက်တဲ့ကြိုးဆိုတာ…
ငါ့မှာတော့လေ ဒီကြိုးတစ်ချောင်းနဲ့ပဲ
သွားလေရာ၊ စားလေရာ၊ ရောက်လေရာမှာ
ရုန်းထွက်လို့မရနိုင်အောင် ရှုပ်ထွေးနေခဲ့တာ…..
ဒါပေမဲ့ အဲဒီစိတ်တွေနဲ့ပဲ ငါပျော်ခဲ့ပါတယ်….
အဲဒီကြိုးတစ်ချောင်းနဲ့ပဲ တစ်ယောက်ကိုတစ်ယောက်
ချည်နှောင်ထားနိုင်ကြပြီလို့ပေါ့…
နောက်ဆုံးတော့လေ…
နင်ကငါ့ကို အကောင်းဆုံးချည်နှောင်ထားချိန်လေးသာ
ကျစ်ကျစ်ပါအောင်  ဆုပ်ကိုင်ထားခဲ့ပြီး
သေချာတော့မှ နင်က ဖြတ်ခနဲ လွှတ်ခဲ့တာကိုး….
မုန်းဖို့ကောင်းတယ် သံယောဇဉ်ကြိုးရယ်….
သူ့ကိုကျတော့ နည်းနည်းလေးမှ ချည်နှောင်ပြီး ဆွဲမထားလိုက်ဘူး/….

In: ကဗျာ Posted By: Date: Jan 29, 2013
Comment #1

မုန်းဖို့ကောင်းတယ် သံယောဇဉ်ကြိုးရယ်….
သူ့ကိုကျတော့ နည်းနည်းလေးမှ ချည်နှောင်ပြီး ဆွဲမထားလိုက်ဘူး

~~ မိုက် တယ် ~~

With respect,
RAY

commentinfo By: X - ray at Jan 29, 2013
Comment #2

wow,,,
really excellent from the top to the bottom.
hit directly

commentinfo By: ei lay at Jan 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment