Professional Authors

အားမငယ်ပါနှင့်

အိပ်မပျော်ရုံနဲ့  ညက
အရောင်မဖျော့ပါ  ဆက်လက်
မှောင်မိုက်နေတုန်းပဲ…။

အားငယ်ရုံနဲ့  ဘယ်သူမှ
အနားမရှိပါ ဘ၀က
တစ်ယောက်တည်းပဲ…။

တွေ့ ကြုံနေတဲ့  အနာဂတ်ဟာ
ငရဲလား…
ငါ့မျက်ရည်နဲ့  ငြိမ်းစေမယ်
စိတ်ဓာတ်တွေနဲ့  ငြိမ်းစေကွယ်…။

ဘ၀ဆိုတဲ့  စာလုံးပေါင်းကိုငါရေးမယ်
အားငယ်မှုကို ဖျက်ပစ်မယ်
အောင်မြင်မှုကို ငါဖမ်းမယ်
ကဲ…ဘ၀ရယ် ဘယ်ပြေးမလဲ…။

In: ကဗျာ Posted By: Date: Jan 20, 2013
Comment #1

🙂

commentinfo By: ei lay at Jan 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment