Professional Authors

ရင်လေးတယ်ကွယ်…

(Video: http://www.youtube.com/watch?v=-N-1QFaLfME)

သနားစရာ ကလေးများ…
တွယ်ရာမဲ့၊ရင်ခွင်မဲ့၊ အပြစ်မဲ့
အစားတစ်လုတ်အတွက်
အမှိုက်ပုံမှာလည်း အသက်ရှင်ကြရှာတယ်။

သနားစရာကလေးများ…
ပညာရေးမရှိ၊ စီးပွာရေးမသိ
အ၀တ်လေးတစ်ထည်အတွက်
အမှိုက်ပုံမှာလည်း အသက်ရှင်ကြရှာတယ်။

ကူပါညီပါ တစာစာအော်လည်း
ထိုထိုလူသား အတ္တသမားများ
ကိုယ့်အကျိုးကိုယ်ကြည့်
ကိုယ့်အတွက်ပဲသိ
ဘီယာဆိုင်ထိုင်၊ အလှပြင်ဆိုင်
တန်းဖိုးမသိ သုံးဖြုံးကြတယ်။

ဖြန့်ထားတဲ့လက်၊ ဆုပ်တဲ့လက်နဲ့
မတူညီကြတဲ့ဘ၀ကြားမှာ
လွတ်နေတဲ့ကွက်လပ်လေးတွေဖြည့်ဖို့ မမေ့ကြစမ်းပါနဲ့လို့
တောင်းဆုပြုပါတယ် သူငယ်ချင်းတို့ရေ …

In: ကဗျာ Posted By: Date: Jan 19, 2013
Comment #1

Nice

commentinfo By: ei lay at Jan 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment