Professional Authors

စစ်……အချစ်- ကဗျာချစ်သူ(ဘုတလင်)

*ကမ္ဘာကြီးကိုချေမွနိုင်တာ…စစ်
  ကမ္ဘာကြီးရဲ့ငြိမ်းချမ်းမှုအလှတရားလေး
  ပျက်သွားမှာစိုးလို့
  စစ်ကိုမဖြစ်ပွါးချင်ကြတာတဲ့…။
*လူသားအားလုံး
  နားလည်မှုတွေမရှိသ၍တော့
  စစ်ပွဲတွေဖြစ်နေကြအုံးမှာပဲ…။
*နှလုံးသားကိုချေမွနိုင်တာ…အချစ်
  နှလုံသားရဲ့လန်းဆန်းမှုအလှတရားလေး
  ပျောက်သွားမှာစိုးလို့
  အချစ်ပွဲမှာမဆင်နွဲချင်ကြတာတဲ့…။
*လူသားအားလုံး
  နှလုံးသားရှိနေသ၍တော့
  ချစ်နေကြအုံးမှာပဲ…။

In: ကဗျာ Posted By: Date: Jan 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment