Professional Authors

တမလွန်က ဦးပုညရဲ့ရင်ဖွင့်စကား-ကဗျာချစ်သူ(ဘုတလင်)

*စာပေကဗျာ အဖွဲ့ကောင်းလေသောကြောင့်
  မိဖုရား၊မောင်းမတော်၊ရံရွေဖော်တစ်သိုက်က
  မျက်နှာသာပေး အလေးထားသဖြင့်
  မင်းတရားရွှေစိတ်တော်မကြည် ဘ၀န်မကျခဲ့တာ
  ပုညအသိဆုံးပါ။
*စာပေဂုဏ်ဒြပ်ရယ်ကြောင့်
  ကျေနပ်ချင်ယောင်ဆောင်လို့
  ဒီကောင်လူပါးဝတယ်လို့မပြောခဲ့တာ
  ရွှေမျက်နှာတော်ကိုကအလိုမကျသလို
  ဖော်ပြနေပါတယ်။
*ညီနောင်နှစ်ပါး ပုန်ကန်တဲ့အရေးမှာ
  အခါတော်ပေးပါသဟဲ့ဆိုပြီး
  သာအိုးဆို ဟိုမြို့ဝန်က
  ဖမ်းဆီးပြီး ကွက်မျက်ခံရတဲ့ဒီအမှူမှာ
  ဂုဏ်ပြုစကားတစ်ခွန်းနဲ့ ပြီးခဲ့တာက
  `သြော်-လူကိုခွေးသတ်လေခြင်း´ တဲ့။
*စက်ရက်လိုက်တာမင်းကြီးရယ်
  အဲ…ရက်စက်လိုက်တာမင်းကြီးရယ်
  မင်းတရားကြီးအပေါ်
  ကျေးဇူးတော်ထောက် သစ္စာမဖောက်ခဲ့ဖူးဆိုတာ
  ဒီကောင် ပုညအသိဆုံးပါ။

In: ကဗျာ Posted By: Date: Jan 14, 2013
Comment #1

ပုည အသိဆုံးပါ
သမိုင်းတွေ တော်တော်လေ့လာထားတဲ့ပုံပဲနော်

commentinfo By: မေပျို at Jan 14, 2013
Comment #2

10တန်းကတည်းကကြိုက်ခဲ့တဲ့စာသားလေးပါ

`သြော်-လူကိုခွေးသတ်လေခြင်း´

commentinfo By: loafer at Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment