Professional Authors

အပြီးသတ်ရမည့်ပန်းချီကား

မနက်မိုးလင်းကတည်းက Facebook ကိုဖွင့်လိုက်ရင်ပဲ
တွေ့နေရတာက စစ်ပွဲသတင်း ၊ ကချင်ကလည်းကချင်အလျောက်
အစိုးရဘက်ကလည်းသူတို့အပိုင်းအလျောက် သတင်းတွေကတော့အစုံပါပဲ
ဒါတွေကိုကြည့်ရင်း၊ဖတ်ရင်း ကျွန်တော်ဒီကဗျာလေးကိုရေးမိပါတယ် …..

အပြီးသတ်ရမည့်ပန်းချီကား
================
စိတ်မချမ်းသာစရာမြင်ကွင်းတွေနဲ့
ရင်လေးစရာနိုင်ငံရဲ့အနာဂါတ်ကို
ဖွဖွလေးတွေးရုံနဲ့ ခပ်လေးလေးပေါ်ပေါ်နေမိ
ဘာ့ကြောင့်ဒီနေရာလေးမှာတိမ်တွေဖုံးနေရပါလိမ့် ။

ဟိုကပစ်တယ် ဒီဘက်ကခုခံတယ်
ဒီဘက်ကပစ်တယ် ဟိုဘက်ကတုန့်ပြန်တယ်
ကျည်ဆန်တွေမိုးပျံနေတဲ့အကြား
မြေဇာပင်ဘ၀တွေကိုစိတ်လေးနေမိရတယ် ။

တကယ့်အကြောင်းပြချက်က ဘာပါလဲ
ဘယ်လိုရည်ရွယ်ချက်တွေကြောင့်တိုက်နေကြပါသလဲ
ညှိုနှိုင်းလို့မရနိုင်လောက်တောင်းဆိုချက်တွေကဘာပါလဲ
လဲပေါင်းများစွာရဲ့အကြား  အသက်ပါင်းဘယ်လောက်စတေးပြီးပါပြီလဲ ။

ခက်ခက်ခဲခဲပါပဲဗျာ ဆက်ဆက်ဆွဲရမယ့်ဒီပန်းချီကား
ဘာကြောင့်များအသက်မ၀င်ဖြစ်ရပါလိမ့်
ငြိမ်းချမ်းရေးဆိုတာတစ်ဖက်တည်း
တည်ဆောက်မရတာတော့ ကျိန်းသေလွန်းပါတယ် ။

ဒါ… ကချင် ၊ ဗမာ အရေးမဟုတ်
အမြင်အရေးမမှားဖို့တော့လိုတယ်ထင်
ပြည်ထောင်စုတစ်ခုလုံးရဲ့အရေး
ခင်ဗျားတို့ ၊ကျွန်တော်တို့ ခေါင်းအေးအေးထားဖို့လိုမယ်ထင်ပါတယ် ။

ပြိုတော့မယ့်မိုးလိုအုံ့ဆိုင်း ယမ်းငွေ့လှိုင်းတွေကြားကဘ၀များ
စာဖွဲ့ရုံနဲ့တော့ မှီမယ်မထင် ညှိုနှိုင်းကာဖွေရှာကြပေမယ့်
ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်
မှိုင်းညို့နေတဲ့ငြိမ်းချမ်းရေး လမ်းတွေ့နိုင်ဖို့ခက်နေသေးတယ် ။

တကယ်တော့ စစ် နဲ့ ငြိမ်းချမ်းရေးဆိုတာ
အပစ်အခတ်ထိန်းရုံမဟုတ်တာကျိန်းသေပါတယ်
ရှေ့ဆက်မဆိုးကြအောင်လို့ မျိုးဆက်တွေစုပေါင်းအားနဲ့
ဒီပန်းချီကားကိုမပြီးပြီအောင်ဆက်ဆွဲကြပါစို့ ။                ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment