Professional Authors

သုခုမ ငြိမ်းချမ်းရေး လမင်း

 

ဘဝရဲ့ ကျဉ်းမြောင်းသော လမ်းခရီးတစ်ခုကို
 ရောက်သောအခါ ကိုယ်ပိုင် အသိဥာဏ်ကို အသုံးပြုပါ…။

ကိုယ် မှားခဲ့ဖူးတဲ့ အတိတ်ကို ပြန်လျှောက်ဖို့ မကြိုးပါနဲ့…။
ကိုယ့် အမှားတွေ သူများဆီ လက်ဆင့်ကမ်းပြီ
ကိုယ့် အမှားကို သူများ အမှား အသွင်သို့
ဘယ်တော့မှ မကူးပြောင်းမိစေနဲ့…။
ကိုယ့် သိပြီးသော အမှားကို
ဒီလမ်းဟာ မကောင်းသော လမ်း ဖြစ်တယ်ဆိုတာ
လက်ခံနိုင်အောင် ဖြေရှင်းပေးပါ..။

တကယ်တော့….
သင်ဟာ လောကကြီးထဲမှာ မွေးဖွားလာတာ
လူတွေကို ဒုက္ခပေးဖို့ မွေးဖွားလာတာ မဖြစ်သင့်ဘူး..။

သင် မွေးဖွားလာတဲ့ ပတ်ဝန်းကျင် အသိုင်းဝိုင်း….
သင် နေထိုင်တဲ့ လူ့ဝန်းကျင်မှာ
 ကောင်းကျိုးတွေ လုပ်ဆောင်ဖို့ ဖြစ်သင့်တယ်…။

သင် ရရှိထားတဲ့ နေရာ၊
သင် နေထိုင်တဲ့ ဝန်းကျင်မှာ
သင့် အတ္တ မပါပဲ အများ ကောင်းကျိုး သယ်ပိုးလို့
 လောက အလင်းဆောင်သော သီတဂူ ဆန်းလပမာ ဖြစ်သင့်တယ်..။

တက္ကသိုလ်မြတ်မင်း
www.venpunnavamsa2.com
တက္ကသိုလ်မြတ်မင်း ဝက်ဆိုဒ်မှ ကြိုဆိုလျက်ပါ

In: ကဗျာ Posted By: Date: Jan 13, 2013
Comment #1

I agree

commentinfo By: ei lay at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment