Professional Authors

ဖွယ်တယ်တယ်ဝေါဟာရ

မင်းက ငါ့အသည်းကိုခွဲ ဆားနဲ့ပက်တဲ့အခါ
ငါကအံကြိတ်ပြီးမျက်ရည်ကျပြရုံမျှသာ
ပေါ့ပေါ့ပါးပါးခံစားလိုက်မှာပါ။
ငွေဆိုတာ
ဆေးတစက်ကျစရာနေရာမရှိအောင် ပြည့်စုံမှုဒဏ်ရာရနေတဲ့
စာရွက်တစ်ရွက်သာဖြစ်တယ်ဆိုတာ
ငါရူးလို့ငါပြောခဲ့တာပေါ့။
မင်းထားခဲ့တော့ ငါနေခဲ့တာပေါ့
မင်းကိုလွမ်းတော့ငါနာကျင်တာပေါ့
နံရံကို လက်သီးနဲ့ထထိုးလိုက်တယ်လေ
နံရံက ဘာဖြစ်မှာလဲ ငါပဲထပ်အော်ရတာပေါ့။
\’ဘဝမှာ ငွေဆိုတာက\’
\’ဟုတ်မှာပါ…….ပြန်ပါတော့\’
မင်းကငါ့အသည်းကိုခွဲ ဆားနဲ့ပက်တဲ့အခါ
ဘာတတ်နိုင်မှာလဲ ငါက
အံကြိတ်ပြီး မျက်ရည်ကျပြရုံမျှသာ
ပေါ့ပေါ့ပါးပါး ခံစားပစ်လိုက်ရမှာပေါ့။

In: ကဗျာ Posted By: Date: Jan 13, 2013
Comment #1

🙁
.a yann soe de Thu be naw.

commentinfo By: ei lay at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment