Professional Authors

အချမ်းတို့မေ့……………………..။

ဆောင်းနှင်းလေပြေ
တိုးဝင်နေလည်း
နှင်းမြူသည်းမှုန်
ဆိုင်းဖြာကုံလုံ
ထင်းမီးပုံမွှေး
ရင်ဝယ်နွေးသို့
ရှေ့ဝယ်မို့နွေး
နောက်တွင်အေးပြန်
ထိုမှဖန်ကြံ
ကျောပေးပြန်လည်း
ကျောဘက်ပဲနွေး
ဆောင်းအအေးဒဏ်
ခံရပြန်ပြီ
ထာဝစဉ်နွေး
ငါလေတွေးလည်း
စိတ်ကြံထွေးအိုက်
မပျော်ပိုက်မို့
ကြံအိုက်လို့အေး
စောင်ခြုံကွေးကာ
အိပ်မှေးလိုက်သည်
အချမ်းတို့မေ့……………………..။

In: ကဗျာ Posted By: Date: Jan 10, 2013
Comment #1

Khu law law se hmar dot a yann chann nay par de shin.

commentinfo By: ei lay at Jan 10, 2013
Comment #2

ချမ်းအေးလို့ ခိုက်ခိုက်တုန် စောင်ခြုံလို့ မနွေးပြီ လေ………………………… ဟုတ်ဘူးလား…………။

commentinfo By: moegyi at Jan 10, 2013
Comment #3

Inn.
He..he..

commentinfo By: ei lay at Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment