Professional Authors

လကမ္ဘာသို့ အလည်ထွက်ခြင်း

 

 “ လကမ္ဘာသို့ အလည်ထွက်ခြင်း ”

 

မဏ္ဍပ်တိုင်ပေါ်တက်လာတဲ့ ကောင်လေးက ပြုံးပြတယ်

ကိုယ့်မှာတော့ အိပ်မပျော်တဲ့ညတစ်ည ထပ်တိုးလာရော

ငါ့ရင်ခုန်သံနဲ့ ကီးမတူရင် ငါ့ သီချင်းကို မင်း မဆိုချင်နဲ့

အတိတ်ကို တူးဆွစိုက်ပျိုးခြင်းမှာ ငါ အလေ့ကျမဆန်ချင်တော့ဘူး

 

သိပ်ကို သတ္တိကောင်းလို့ ဒီလမ်းကို ငါ ရွေးလိုက်တာ မဟုတ်ဘူး

အဆုံးစွန်နာကျင်ရခြင်းဆိုတာ မင်းတို့ မမြင်ဘူးတဲ့ တစ္ဆေတစ်ကောင်

ငါ့လျှောက်လမ်းမှာ နတ်ဆိုးတွေ သွေးကတ္တီပါခင်းပေးခဲ့ကြ

ကျောက အရင်ရောက်ပြီး ရင်ဘတ်က နောက်မှာ နေခဲ့ပြီ

 

ဘယ်တော့ ထွက်မှာလဲလို့ ရထားက ပင်လယ်ကို မေးတယ်

ခဲလုံးတွေကို အသုဘချဖို့ ရက်ရာဇာ အရင်ရွေးပေးပါလား

အခြေအနေမပေးခဲ့တာကပဲ ဟီရိုရှီးမားလို ထမြောက်တယ်

လမ်းမရှိလည်း လကမ္ဘာပေါ်တော့ ငါတို့ ရောက်နိုင်ရဲ့ မဟုတ်လား

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment