Professional Authors

နင့်ကိုလွမ်းတယ်

လွမ်းတယ်….

အလွမ်းအကြောင်းပြောရရင်တော့

စတွေ့တဲ့နေ့က ငေးမိတဲ့
ချစ်သူရဲ့မျက်တောင်ရှည်ကြီးတွေကိုလွမ်းတယ်..

ငါပွစိပွစိပြောမိတိုင်း ခိုးခိုးရယ်တက်တဲ့
မျက်ဝန်းစိုစိုလေးတွေကိုလည်းလွမ်းတယ်….

အိမ်ပြန်ချိန်တိုင်းကားနားကိုမသွားနိုင်ဘဲယောင်လည်လည်နဲ့
ရပ်စောင့်နေတက်တဲ့ နင့်ရဲ့စောင့်ရှောက်မှုတွေကိုလွမ်းတယ်…

တခြားသူငယ်ချင်းကောင်လေးတွေနဲ့စကားပြောတိုင်း
တွန့်ချိုးသွားတဲ့ မျက်ခုံးနက်နက်လေးတွေကိုလွမ်းတယ်…

မမှတ်ထားဘဲအလိုလို အလွတ်ရနေမိတဲ့
ချစ်သူ့ခြေသံတွေကိုလွမ်းတယ်…

နင့်နားရောက်နေချိန်တိုင်းမှာ ဖြစ်တက်တဲ့
ငါရဲ့အဓိပါယ်ရှိတဲ့ရင်ခုန်သံတွေကိုလွမ်းတယ်….
သက်ဝင်လှုပ်ရှားတက်တဲ့ ငါ့မျက်ဝန်းတွေကိုလွမ်းတယ်…
လွပ်လပ်ပေါ့ပါးနေခဲ့တဲ့ ငါ့အပြုံးတွေကိုလွမ်းတယ် ….
အဲဒိ့နေ့စွဲတွေရဲ့ နှုးညံ့သက်ဝင်မှုတွေကိုလွမ်းတယ်...
အဲဒိ့ကံကောင်းခြင်းတွေကိုလွမ်းတယ် ….

လွမ်းတယ်…

လွမ်းတဲ့အကြောင်းပြောရရင် …….။

In: ကဗျာ Posted By: Date: Jan 8, 2013
Comment #1

Mi@ssssssssssss

commentinfo By: ei lay at Jan 8, 2013
Comment #2

လွမ်းတယ်

commentinfo By: မေပျို at Jan 8, 2013
Comment #3

လွမ်းနေတုန်းပါပဲ

commentinfo By: anglekhnum at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment