Professional Authors

ဘဝ

အရိပ်အာသာဝါ ကောင်းကောင်းရဖို့ အရိပ်တစ်ခုမှာ နားခိုရအောင်လည်း
ငါက ငှက်တစ်ကောင် မဟုတ်ခဲ့တာ ခက်တယ်
လွတ်လပ်ခြင်းဆိုတာ ကောင်းကင်ထက် ပျံသန်းခြင်းဆိုလည်း
ငါ့မှာက အတောင်ပံတစ်စုံမှ မရှိခဲ့ပဲ
အချစ်အတွက် အသက်ပင်သေသေဆိုရအောင်လည်း
ငါမှာ ရိုမီယိုဆိုတာက မရှိခဲ့ဘူး (ကိုယ်တိုင်လည်း မသေရဲပါဘူး)
လိုအင်ဆန္ဒအားလုံး ပြည့်ဝဖို့ကလည်း
ငါ့မှာက အာလာဒင်ရဲ့မီးခွက်တစ်လုံး မပိုင်ဆိုင်ပြန်ဘူး
မအိပ်မနေ အသက်ရှည်ဆိုရအောင်လည်း
အလုပ်ပြုတ်ပြီး ငတ်မသေဖို့ကို အရင်ကြိုးစားရမယ်
အိပ်မက်တွေ ဖြစ်လာဖို့ဆိုတာကလည်း
တစ်ခါတစ်ရံ ငါ့အိမ်မက်တွေကို လေထဲမှာလိုက်ဖမ်းဆုပ်ဖို့
အားအင်တွေက ကုန်ခမ်းနေတုန်းပဲ
ဘယ်ကိုပဲ သွားသွား အချိန်တန်လို့ နေစောင်းရင် အိမ်ပြန်ရအောင်လည်း
ငါက နွားတစ်ကောင်မဟုတ်ခဲ့ပြန်ဘူး
ဒီလိုနဲ့ပဲ ……
ငါတစ်ယောက်
ဘာမသိတဲ့အရာနောက် …
ဘာမရှိတဲ့ အဓိပ္ပါယ်နောက် …
ငါကိုယ်တိုင်မသိတဲ့ ငါ နောက်
တစ်ကောက်ကောက်လိုက်ရင်း ………..

In: ကဗျာ Posted By: Date: Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment