Professional Authors

“ပျောက်ဆုံးခြင်း”

အရောင်မွဲခြောက်နေတဲ့ အိပ်မက်တွေကို
ပေါလစ်တိုက်ရင်း စက္ကန့်တွေသာ ပါးလှပ်လာတယ်
သူကတော့ မှုန်မှိုင်းမှိုင်းနဲ့ ကောင်းကင်မှာ မိုးအုံ့ကောင်းဆဲ
ဘ၀မုန်တိုင်းထဲ လှိုင်းကြီးလှေအောက်ထုံး နှလုံးမူပြီး
မျက်စိစုံမှိတ် ကျားကန်ကန်ပြီး ကူးခတ်နေဆဲ
ကြီးကြီးကျယ်ကျယ် ဆိုရိုးစကားတွေဖတ်ပြီး
စိတ်ဓါတ်ခိုင်မာသယောင် ကြိုးစားရင်း
အတွင်းကလှိုက်စားပြီး ပြိုလဲနေချိန်လည်းရှိရဲ့
လက်တွေ့မကျသေးတဲ့ Plan A , Plan B တွေကို စွဲကိုင်ပြီး
ဆောင်းတွင်းအိပ်မက်တွေကို ဖမ်းဆုပ်ဖို့ကြိုးစားနေဆဲ
ဆယ်စုနှစ်တစ်ခုစာ ပျောက်ဆုံးနေတဲ့
ငါ့ကိုယ်ငါ ရှာဖွေရင်း စိတ်ဓါတ်တွေလည်း ဂျီးအထပ်ထပ်နဲ့

In: ကဗျာ Posted By: Date: Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment