Professional Authors

ငါ့ ခရီးလမ်း

တစ်ခါတစ်လေတော့လည်း ခါးသီးမိပါရဲ့
သူစိမ်းတွေတိုက်တဲ့ ခါးသီးစိမ်းသက် လေစိမ်းထဲမှာ
ငါကတော့ လေလွှင့်ငှက်တစ်ကောင်လို မျှောပါလို့
နောက်ကွယ်က အသင့်ပြင်ထားတဲ့ ဓါးတွေကို ငါမမှုသလို
ရှေ့လမ်းက ခရီးကြမ်းကိုလည်း ငါမကြောက်ခဲ့တာ ငါအသိ
ကိုယ်ပိုင်ခြေထောက်တစ်စုံပေါ်ရဲရဲရပ်တည်ခဲ့
ဖြစ်တည်ရာဘ၀တစ်ခုအတွက် ငါ့ကိုယ်ငါ စတေးရလောက်အောင် သတ္တိမရှိခဲ့သလို ငါ့ဦးနှောက်ကလည်း လက်သင့်မခံခဲ့ဘူး
အေးစက်နေတဲ့လက်တစ်စုံအတွက် ငါမတောင့်တခဲ့ပေမယ့်
ငါနေပျော်တဲ့လမ်းကို ငါရွေးခဲ့တာပဲ
သက္ကရာဇ်တွေ နှစ်စား .. ဆယ်စုနှစ်တစ်ခု ကြာခဲသော်လည်း
လမ်းအသစ်အသစ်တွေဖောက် နေရောင်အောက်မှာ
ငါတစ်ကိုယ်ရည် လှမ်းလျှောက်ဆဲပဲ
ကမ်းလင့်မယ့် လက်အစုံကို မမျှော်လင့်သလို
ငါ သွားရာ ချည်နှောင်မယ့် ကြိုးတွေကို ငါမုန်းမိလို့
လက်ဗလာနဲ့ တစ်ကိုယ်တော် ရဲဝင့်စွာနဲ့ ငါ လမ်းဖောက်ဆဲပဲ …

In: ကဗျာ Posted By: Date: Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment