Professional Authors

“မွန်းကျပ်နေတဲ့ မြို့”

ကောင်းကင်ကို လှမ်းထိတော့မယောင် အဆောက်အဦး ရှည်ရှည်တွေနဲ့
မီးရောင်ထိန်ထိန် လင်း နေတဲ့ မြို့
သဘာဝမဟုတ်တဲ့ သဘာဝအယောင်ဆောင် အလှအပတွေနဲ့
ခေတ်ရှေ့က ပြေးနေတဲ့ မြို့
တိုနံ့နံ့ စကပ်တွေကြားက ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်နဲ့
အပြုံးအရယ်ကင်းတဲ့ လူသားတွေ ဖုံးလွှမ်းထားတဲ့ မြို့
ဆောင်းဘောက်ထဲက ပျံ့လွှင့်လာတဲ့ တေးသံကြား
နေပူကျဲကျဲ က ပြ ဖျော်ဖြေနေတဲ့ အဖိုးအိုအတွက် တစ်ကျပ်ပြား ငါးဆယ်
စွန့်ကျဲဖို့အတွက်မှ အချိန်မပေးနိုင်တဲ့ ခြေလှမ်းသုတ်သုတ်တွေကြားက
လူကုံတံတွေအများဆုံးနေထိုင်တဲ့ မြို့
အပြုံးတုနဲ့မျက်နှာဖုံးလွှာအောက်က ရက်စက်တဲ့မျက်ဝန်းပိုင်ဆိုင်တဲ့
နှလုံးသား အတုနဲ့ လူသားတွေ အများဆုံးရှိတဲ့ မြို့
ခြေတစ်ဖက်စာ နေရာတစ်ခုအတွက် အချင်းချင်း ကန်ချဖို့ ၀န်မလေးတဲ့
ပညာတတ်တွေ ပေါများတဲ့မြို့ …..
ဒီလို မွန်းကျပ်တဲ့ မြို့တစ်မြို့ ကို
ငါ မွန်းကျပ်စွာနဲ့ ဖက်တွယ်နေရဆဲပဲ ….

In: ကဗျာ Posted By: Date: Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment