Professional Authors

မလွမ်ချင်တော့ဘူး

ကဗျာ မရေးချင်တော့ပါဘူးလို့
အကြိမ်ကြိမ် ရေရွတ်နေတဲ့ကြားက
ခံစားချက်တွေက
ကာရံတွေကို မကြားတကြား
ဖွင့်ဟလာခဲ့တယ်…

စိတ်ပျက်လိုက်တာဗျာ…

ခံစားချက်တွေ ခိုးကိုးရာ မဲ့လို့
ဘာနဲ့မှ ဖြည့်တွေးလို့ မရခဲ့ဘူး…

အလွမ်းနဲ့ စပြီး
အလွမ်းနဲ့ပဲ ဆုံးခဲ့တယ်…

အချစ်ဆိုတဲ့
ရူးသွပ်ခြင်းတစ်မျိုးလား ?
အလွမ်းရဲ့ ကျေးကျွန်လား?

ကျနော် အဖြေရှာ မတက်သေးဘူး..

သူနင်းချေဖို့ ဖြစ်ရမယ်ဆိုရင်တောင်
ကျနော် နင်းခြေ ခံလိုက်ချင်တယ်
ကျနော် မလွမ်းချင်တော့ဘူး
ရူးရူးမူးမူး သတိမရချင်တော့ဘူး…

In: ကဗျာ Posted By: Date: Jan 7, 2013
Comment #1

အကိုရေ ကူးသွားတယ်နော် အရမ်းကြိုက်လို့..။

commentinfo By: waiyan at Jan 7, 2013
Comment #2

^__^
^__^

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment