Professional Authors

တစ်ချိန်က………..ငါ့ရဲ့ကောင်မလေးသို့

အသည်းတစ်ခြမ်း
ဘယ်သူခွဲလည်း
မလွမ်းစတမ်း
မဆွေးစတမ်းလို့
အရင်က ကျိန်ဆိုခဲ့တာ
နှစ်ယောက်သားရဲ့ correction pen သစ္စာဟာ
အခုဆို စာသားသက်သက်လား
လျှောက်ခဲ့ဖူးတဲ့
အင်းလျားကန်ပေါင်
ထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံများစွာ
မင်းနဲ့ငါ မဟုတ်ပေမယ့်
တစ်ခြားသူများစွာနဲ့ ပြည့်နေတယ်
မင်းကို လွမ်းနေတာ အင်းလျားသိချင်မှသိမယ်
ကန်တော်ကြီးသိချင်မှ သိမယ်
သေချာတာက
ငါသိနေတယ်
ဖူးစာမပါလို့ ကွဲပေမယ့်လည်း
ရူးလောက်အောင်ချစ်ခဲ့တာက ပုံပြင်မဟုတ်ပါ
နှစ်ဟောင်းအတိတ်ဟောင်းမှာ
ကျန်ခဲ့တဲ့ အလွမ်းဒဏ်ရာက
နှစ်သစ် မှာ အသစ်အဖြစ်နဲ့
ဆက်လက် ရှင်သန်နေမှာပါ
ထို့ အတူ
ငါ့အချစ်တွေရောပဲလေ…………….။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

^_^
^_^

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment