Professional Authors

ကျနော်မဟုတ်ခဲ့ပါဘူး (မင်းကိုချစ်တဲ့သူ)

စက္ကူစုတ်နဲ့ထုပ်ထားတဲ့

အခွင့်အရေးကို လျစ်လျူရှုလို့

ဖဲပြားရောင်စုံနဲ့ ထုပ်ထားတဲ့

ပြသနာကို ရှာနေကြတာ

လူ့ဘ၀လား…

 

မရနိုင်တာကိုမှ တမ်းတကြတယ်

ခက်ခဲတာကိုမှ တန်ဖိုးရှိတယ်ထင်တယ်

ရိုးသားမှုကိုမှ အခွင့်အရေးယူတယ်

လှည်းစားမှုတွေကို ရူးသွပ်တယ်

နားလည်မှုတွေကို လျစ်လျူရှုကြတယ်

ဘယ်အရာက မက်လောက်စရာရှိလို့လဲ…

 

ဘောင်ခတ်ပြီး အကျင်းကျခံရတဲ့ လက်တံကို

ဘယ်သူကများ အကျင်းချခဲ့တာလဲ

သူလဲ လွတ်လပ်ချင်မှာပဲလို့

ဘယ်သူကများ စာနာပေးဖူးသလဲ…

 

တစ်ယောက်ထဲ နေထိုင်ရခြင်းဟာ

အကျဉ်းတန်လှတဲ့ အထီးကျန်ခြင်းပါ

အဲ့လိုနဲ့ကျနော်လဲ တကိုယ်ကောင်းဆန်တတ်လာတယ်

ခင်းဗျားတို့ လူတွေလိုမျိုးပေါ့…

 

လူတွေအတွက် ကျနော်ဟာ

ဘာမှမဟုတ်ခဲ့ပါဘူး

အဲ့ဒီ ဘာမှမဟုတ်ခဲ့တာကိုပဲ

တယုတယ စောင့်ထိန်းနေမိတယ်…

 

ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျာတို့ရဲ့

သုခတွေကို နည်းနည်းဖြစ်ဖြစ်ပေးပါ

ကျနော်လဲ ဟန်ဆောင်ထားတဲ့

မျက်နှာဖုံးအပြုံးကို ချွတ်လို့

တခါဖြစ်ဖြစ် အမှန်အကန်ပြုံးကြည့်ချင်တယ်…

 

ကျနော့်ကို ကျနော်အမှောင်ချလိုက်ပါပြီ

ကဲ… ကျနော့်ထက်မှောင်စရာဘာရှိလဲ

ကျနော့်ကို လိုက်မရှာကြပါနဲ့

မမြင်နိုင်လောက်အောင် မှောင်ခဲ့ပြီးပါပြီ

ကျေးဇူးပြုပြီး တက်တော့မနင်းပါနဲ့…

 

နေနဲ့လ ဆုံတွေ့တဲ့အချိန်ကာလမှ

ကျနော်အမှန်တရားကိုကောက်ရခဲ့တယ်

လူ့ဘ၀ကို ကျနော်စွန့်ခွာသွားခဲ့ရင်

အစားထိုးမဲ့သူ အဆင့်သင့်ရှိတယ်

လူတွေလိုနေတာက လူတွေပါ

ကျနော်ဆိုတဲ့ ကျနော်မဟုတ်ခဲ့ပါဘူး…

 

In: ကဗျာ Posted By: Date: Jan 5, 2013
Comment #1

ကျနော်ကလည်း တစ်ခြားလူတွေလိုပဲ ရှင်သန်နေနိုင်ပါတယ်
မှောင်တစ်ခါ လင်းတစ်လှည့်ပေါ့
အားတင်းပြီး မနက်ဖြန်တွေကို အလှဆုံးပြုံးပြလိုက်ပါ သူငယ်ချင်း

commentinfo By: မေပျို at Jan 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment