Professional Authors
စည်း
စည်းတစ်ခုတော့ရှိတယ်….
နှစ်ယောက်ကြားမှာ ခြားနားနေတယ်…
ငါလဲ မဖြတ်ရဲ နင်လဲ မလာရဲ….
ဒီစည်းကို မကျော်ခဲ့တဲ့ ငါ့ရဲ့ အောင်မြင်မှုအတွက်
လေးစားပါတယ်တဲ့….
အတွေးများစွာနဲ့ ငါရူးသွပ်နေတာ ဘယ်သူမှမသိ..
စည်းတစ်ဖက်က နင်က အလင်း
ငါက အမှောင်ထဲက မထွက်ရဲဘူး
ရင်ထဲက ကဗျာတွေ လူမြင်မှစိုးလို့…
နီးနီးလေးပါ…
ဒါပေမယ့် မလှမ်းတော့ဘူး
စည်းတခုက ခြားနားလွန်းလို့။
In: ကဗျာ Posted By: Date: Jan 4, 2013
Comment #1
တခြားစည်းတွေကိုတော့မသိ…. ” သူငယ်ချင်း” ဆိုတဲ့စည်းကတော့ တကယ်ပဲ ခိုင်ခံ့လွန်းသလို စည်းတံတိုင်းကလည်း မြင့်လွန်းပါ၏……..
commentinfo By: mayviolet at Jan 5, 2013
Comment #2
စည်း … စည်း
ဟုတ်တယ်
မမပြောသလိုပဲ
သူငယ်ချင်း ဆိုတဲ့စည်းက ခိုင်ခံ့တယ်
ဒါပေမဲ့ ကျော်ဖြတ်နိုင်တဲ့ အတိုင်းအတာလောက်ဆိုရင်တော့
ပိုပြီး ခိုင်မာတဲ့ ချစ်ခြင်းဖြစ်နိုင်တယ်
ထင်တာတွေပြောတာပါနော်
commentinfo By: မေပျို at Jan 5, 2013
Comment #3
Right.
I agree with may pyo.
🙂
commentinfo By: ei lay at Jan 6, 2013
Comment #4
နီးနီးလေးပါ…
ဒါပေမယ့် မလှမ်းတော့ဘူး
စည်းတခုက ခြားနားလွန်းလို့။
နောက်တစ်ခေါက် လာအားပေးသွားသည် ..
commentinfo By: မေပျို at May 7, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment