Professional Authors

အပေးအယူ

မျှော်တော်ယောင်ဘ၀နဲ့ သူယောင်မယ်အလှကိုခံစား
အူကြောင်ကြောင်တော့နည်းနည်းဖြစ်တာပေါ့ဗျာ
ကဂျီကဂျောင်တော့မကျပါနဲ့ အပူဆိုတာလောင်တတ်လွန်းလို့ပါ
ထပ်တူမကြနိုင်ပေမယ့် တစ်ဖက်လူခံစားချက်ဆိုတာ
မျှယူခံစားတတ်ရင် ကြားလူဆိုတာမိအေးနှစ်ခါနာသလိုပါပဲ
အပေးအယူမတည့်ပေမယ့် သွေးဆူနေမိတဲ့အခါ
ဘေးလူကတွေးပူနေရသလိုမျိုး
သွေးမတူရင်အလတ်ဂျစ်တော့နည်းနည်းဖြစ်နိုင်ခဲ့
ဆေးအကူတွေယူရင်..ယူပေါ့ဗျာ …….
ဖြေစရာမရှိသလိုမျိုး အသေအချာအသိအယူတိုးရင်
နွေကန္ကာပဲရှိတဲ့ကမ္ဘာလို အပေလျကန်ပဲကောင်းသလိုလို
မနှေးမမြန်ဆိုသတဲ့ အဝေးကန်တွေပဲသုံးသုံးနေရင်
ဘေးပြန်ထိုင်နေတာပဲကောင်းပါတယ် …………..
လေးလံမနေကြပါနဲ့ဗျာ …. တေးသံတွေနဲ့ပြန်လည်အသက်ဝင်လာတော့မှာပါ
သံစဉ်တွေကတော့နဲနဲတော့နှေးနိုင်သေးတာပေါ့
ဖြစ်နိုင်ရင်ဈေးထပ်ထပ်မဆစ်ပါနဲ့ ကျွန်တော်ရေးနေတာ
တေးထပ်မဟုတ်ပါဘူး ……………………………..
ဘေး….တပ်…တပ်…ဘေး ။                       ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment