Professional Authors

သို့?

၂၁ ရာစုနေရောင်အောက်
လမ်းလျှောက်ထွက်လာတဲ့ သနပ်ခါးတစ်ပွင့်ပါ။

အရှက်တရားမဲ့ အတုခိုးသမတွေကြားမှာ
ရိုးသားသန့်စင်သူဖိနပ်ပါးပါးလေး
အနက်ရောင် ဆံကေသာ တပိုက်တထွေးနဲ့
ခေတ်ပေါ်ကဗျာတွေတွေးတတ်သူ…

ရိုးရာကို ရိုးရာအတိုင်းသိုင်းလွယ်
ရေစီးအတိုင်း
.ပြုတတ် ပြင်တတ်တဲ့ ကမ္ဘာ့ရွာသူ အရိုင်းစံပယ်ရေ…
မင်းဟာ…
အတိတ်နဲ့ အနာဂတ်ကို စိတ်ထဲမှာမှတ်
ပစ္စုပ္ပန်ရဲ့ မျက်တောင်အခတ်မှာ
(မင်းရဲ့မွေးရပ်ကို)
ရင်ဖုံးနဲ့ ချိတ်ထမီ အနားသတ်လို့
သဇင်ပန်းတွေကို ကမ္ဘာပတ်စေခဲ့ပေါ့။

In: ကဗျာ Posted By: Date: Jan 3, 2013
Comment #1

တင်းပြီးသားပို့စ်ကို မှားတင်မိတာပါဗျာ။တောင်းပန်ပါတယ်။

commentinfo By: Mg Khai Myat at Jan 3, 2013
Comment #2

ကျေးဇူးတင်ပါတယ်နော်..ယွန်း မဖတ်ဖူးသေးပါဘူး..ကဗျာလေးကိုရော..ကဗျာထဲက မိန်းကလေးကိုရော လေးစားမိပါတယ်..

commentinfo By: Yoon Thae Phyu at Jan 3, 2013
Comment #3

@_@
@_@
@_@

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment