Professional Authors

ကြံမိကြံရာ ညီမလေး(၂)

ငါ့ရဲ့ ကြံမိကြံရာညီမလေးရေ
ပုံမှန်လူ့ဘ၀ဟာ ငါတို့နဲ့ မထိုက်တန်တော့ဘူးလား
ငါတို့ဘာတွေလုပ်ခဲ့မိလို့ အခွင့်လမ်းမသာရတာလဲ
အာရှတိုက်ရဲ့တစ်နေရာက
ငါတို့နှစ်ယောက်ရဲ့ကံကြမ္မာကို
ကမ္ဘာကြီးက မသိသင့်ဘူးလား
ကြံမိကြံရာ ညီမလေးရေ
သမိုင်းဝင်စာမေးပွဲကိုဆင်နွှဲလို့ပြီးပါပြီ
ငါ့လှေကလေးကို ဆွဲမနှစ်လိုက်ပါနဲ့
လိမ့်ကျဖို့ကြိုးစားခဲ့တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပေါ့။
မြို့သေ၊မြို့ပျက်လို နေထိုင်နေရတဲ့ဘ၀ပါကွာ
ငှက်သံဆိတ်သုဉ်းတဲ့ မနက်ခင်းတစ်ခုလိုပေါ့
တစ်ခုခုကိုနင်နေတဲ့ လည်ချောင်းနဲ့
ဟောဒီစာကြောင်းတွေကို ချရေးနေမိရဲ့
အဲဒီစာကြောင်းတွေဟာ
တို့ဘ၀ကိုကယ်တင်မဲ့ စာကြောင်းတွေဖြစ်ခဲ့ရင်
တို့ကံကောင်းပြီပေါ့။
စိတ်ဓာတ်ကျလို့
ညနေခင်းကွင်းပြင်ထဲမှာ စွန်လွှတ်သလို
စိတ်ကူးတွေလေထဲ လွှင့်တင်နေမိတယ်
ငါ့ရဲ့အဆုတ်ထဲက မင်းရဲ့အသက်ရှူသံ
အငွြေု့ပန်သွားပြီလား
ကြံမိကြံရာခေတ်ကြီးထဲ
ကြံမိကြံရာ ချစ်မိခဲ့တဲ့
ကြံမိကြံရာ ညီမလေးရေ
တို့ရဲ့လရင့်သန္ဒေအိပ်မက်တွေ
လေယာဉ်တစ်စီးလိုပျက်ကျခဲ့ပြီလေ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment